တောင်ကိုရီးယားနာမည်ကြီးတွေဟာဆိုရင် မင်္ဂလာပွဲအခမ်းအနားတွေမှာ အခြားသူတွေကိုအားပေးရင်းနဲ့ ပျော်မွေ့နေကြတဲ့သူဖြစ်ပါတယ်။ အဲဒီထဲကမှ BLACKPINK ၊ SNSD ၊  BTS အဖွဲ့ဝင်တွေဟာဆိုရင် ပရိသတ်တွေကြားမှ မှတ်မှတ်ရရ သိသာထင်ရှားနေကြပါတယ်။ 

Google

BLACKPINK

Google

မေလ ၂၀၁၉ ခုနှစ်မှာ BLACKPINK အဖွဲ့ဝင် ၄ ယောက်က Jisoo ရဲ့ အစ်ကို မင်္ဂလာပွဲကို တက်ရောက်ခဲ့ပါတယ်။ သူတို့ ၄ ဦးက ရိုးရိုးရှင်းရှင်းနဲ့ ပုံမှန်ဝတ်စုံလေးတွေကိုသာဝတ်ဆင်ထားကြပေမယ့် အရမ်းပျော်ရွှင်နေကြတယ်ဆိုတာ အပြုံးလေးတွေက ဖော်ပြနေပါတယ်။ 

Google
Google
Google

မင်္ဂလာပွဲမှာ BLACKPINK အဖွဲ့ဝင်တွေက သတို့သမီးရဲ့ အလှကို မပျောက်အောင် သေချာလေးဝတ်ဆင်ထားကြတာကို တွေ့ရပြီး သာမန်သူလေးတွေအတိုင်း မင်္ဂလာသတို့သား သတို့သမီးထက် ပိုပြီး ပျော်ရွှင်နေကြတာဖြစ်ပါတယ်။ 

BTS 

Google

သူများမင်္ဂလာပွဲကိုတက်ရင်းနောက်ထပ် ပျော်ရွှင်နေတဲ့ အဖွဲ့ရှိပါသေးတယ်။ အဲဒီအဖွဲ့ကတော့ BTS  အဖွဲ့ပဲဖြစ်ပါတယ်။ BTS  အဖွဲ့က ဇူလိုင်လ ၂၀၁၈ ခုနှစ်မှာ ရင်းနှီးတဲ့ မန်နေဂျာရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။

Google

အဆိုပါ မင်္ဂလာပွဲကို BTS အဖွဲ့ဝင်တွေပါ တက်ရောက်ခဲ့တာကြောင့် မင်္ဂလာပွဲကြီးက ပြည့်စုံတာထက်ပိုခဲ့ပါတယ်။ သူတို့ကအဝတ်အစားကအစ သတို့သားကို မဖုံးသွားအောင် သေချာလေးပြင်ဆင်ခဲ့တာကိုလည်း ဓာတ်ပုံထဲမှာ အတိုင်းသားတွေ့ရပါတယ်။  

SNSD

Google

SNSD လို့လူသိများတဲ့ Girl Generation အဖွဲ့ဟာဆိုရင်လည်း မင်္ဂလာပွဲမှာ ကာယကံရှင်တွေထက်ပိုပြီး ပျော်ရွှင်ခဲ့ကြတဲ့သူလေးတွေဖြစ်ပါတယ်။

Google

သူတို့က မင်္ဂလာ သတို့သားနဲ့သတို့သမီးအတွက် “Kissing You” သီချင်းပါ သီဆိုပေးခဲ့ကြပြီး မင်္ဂလာပွဲကိုပိုပြီး တောက်ပလာအောင် ကူညီခဲ့ကြပါတယ်။ 

Gong Yoo

Google

တောင်ကိုရီးယားမင်းသား Gong Yoo ဟာဆိုရင်လည်း တောင်ကိုရီးယားနာမည်ကျော်သရုပ်ဆောင် Son Ye Jin နဲ့ Hyun Bin တို့မင်္ဂလာပွဲမှာ သာမန်ထက်ပိုပြီး ပျော်ရွှင်ခဲ့တဲ့သူဖြစ်ပါတယ်။

Google

Gong Yoo က မင်္ဂလာပွဲမှာ ပန်းတွေအထိ ကြဲပေးခဲ့တယ်လို့ သိရပြီး Gong Yoo ရဲ့ ပုံစံကပရိသတ်တွေအာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။