ကိုယ်အလေးချိန်အလွန်မင်း တက်နေတဲ့ပုံရိပ်ကြောင့် လက်ရှိမှာ 2Ne1 အဖွဲ့ဝင် Park Bom   ရဲ့ အကြောင်းဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်လျက်ရှိပါတယ်။

Google

မကြာသေးမီက Park Bom က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က 2022 Pop Festival ပွဲမှာ ပါဝင်ဖျော်ဖြေခဲ့ပြီး ပြောင်းလဲမှုအကြီးစားကြီးကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါဓာတ်ပုံထဲမှာ Park Bom က  ပုံမှန်ထက်ကိုယ်အလေးချိန်ပိုပြီးများနေတာကြောင့် ပရိသတ်တွေရဲ့ စိုးရိမ်မှုဟာလည်းမြင့်တက်နေခဲ့ပါတယ်။  

Google

ပရိသတ်တွေအများစုက Park Bom ရဲ့ ကိုယ်အလေးချိန်မြင့်တက်နေမှုက ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့်ဖြစ်နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ အေဂျင်စီဘက်က ထုတ်ပြန်ကြေညာမှုကတော့ Park Bom ရဲ့ ကျန်းမာရေးပြဿနာက အားလုံးအဆင်ပြေပြီး Park Bom အနေနဲ့လည်း ပုံမှန်လေ့ကျင့်ခန်းလုပ်ရင်း အစားလျော့နေတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့ကတော့ အရှိကို အရှိအတိုင်းပဲ ယုံကြည်လက်ခံတာကြောင့် အေဂျင်စီရဲ့ ထုတ်ပြန်ကြေညာမှုကို လက်ခံမပေးနိုင်ကြပါဘူး။ 

Google
Google

Park Bom ကလည်း သူမရဲ့ကျန်းမာရေးပြဿနာကြောင့် ကိုယ်အလေးချိန်လျော့ချဖို့အတွက် ပြဿနာရှိနေပေမယ့် တတ်နိုင်သမျှ ကိုယ်အလေးချိန် လျော့ချနေတယ်လို့ ဆိုထားဖူးပါတယ်။

Google

လက်ရှိမှာ ကိုယ်အလေးချိန် အလွန်အမင်းတက်နေတဲ့ပုံရိပ်ကြောင့် ပရိသတ်တွေရဲ့ စိုးရိမ်မှုမြင့်တက်နေတဲ့ 2Ne1 အဖွဲ့ဝင် Park Bom ရဲ့အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။