တောင်ကိုရီးယားနာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ Hyun Bin နဲ့ Son Ye Jin တို့က လက်ထပ်ထားတဲ့စုံတွဲလေးဖြစ်ပြီး လက်ရှိအချိန်အထိ နာမည်ပျက်မရှိတဲ့ လူတိုင်း အားကျရတဲ့စုံတွဲလေးဖြစ်ပါတယ်။
လက်ထပ်ပြီးတဲ့နောက်မှာ Hyun Bin က ခင်ပွန်းတာဝန်ကို ကျေကျေပွန်ပွန်ဆောင်ရွက်နိုင်သလို ဇနီးဖြစ်သူ Son Ye Jin ဟာဆိုရင် သူမရဲ့ခင်ပွန်းဖြစ်သူ Hyun Bin ကို မယားဝတ္တရားကျေပွန်စွာနဲ့ ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Son Ye Jin က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခင်ပွန်းဖြစ်သူကို ကိုယ်ဝန် နေ့စေ့လစေ့ကြီးနဲ့တောင်အထူးဟင်းလျာတွေ ချက်ကျွေးနေတဲ့ ပုံလေးတင်ပေးလာပါတယ်။
Son Ye Jin ချက်ထားတဲ့ ဟင်းလျာလေးတွေထဲမှာ Salad ၊ ဘေကွန် ၊ ကြက်ဥကြော်၊ နဲ့ ပေါင်မုန့်မီးကင်လေးပါဝင်ပြီး အဆင်သင့်သောက်လို့ရတဲ့ ကော်ဖီလေး နှစ်ခွက်ကိုပါထည့်ထားပါတယ်။
ဓာတ်ပုံလေးအရ Son Ye Jin က ခင်ပွန်းဖြစ်သူအတွက် စေတနာလေးတွေထည့်ပြီး သေချာပြင်ဆင်ချက်ပြုတ်ထားတဲ့ ပုံစံလေးကိုတွေ့ရပါတယ်။
တောင်ကိုရီးယားမင်းသမီး Son Ye Jin နဲ့ ခင်ပွန်းဖြစ်သူ Hyun Bin တို့က ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကြီးဆင်နွှဲခဲ့ကြပြီး လက်ရှိမှာ ရင်သွေးလေးကိုတောင် ရရှိပိုင်ဆိုင်ကြတော့မှာပဲဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။