လှရက်လွန်းတာကြောင့် တောင်ကိုရီးယားနတ်ဘုရားမလေးလို့ တင်စားခေါ်ဝေါ်ကြတဲ့ စကိတ်ချန်ပီယံလေး Kim Yuna နဲ့ အဆိုတော်လေး Ko Woo Rim တို့ရဲ့ မင်္ဂလာပွဲလေးကတော့ မကြာသေးမီက ကျင်းပပြီးစီးသွားပြီပဲ ဖြစ်ပါတယ်။ 

Google

အိုလံပစ်စကိတ်ချန်ပီယံလေးနဲ့ အဆိုတော်လေးတို့ နှစ်ဦးက အောက်တိုဘာလ ၂၂ ရက်နေ့မှာပဲ မင်္ဂလာပွဲလေးကိုအကျဉ်းချုံးကျင်းပခဲ့တာဖြစ်ပြီး လိုက်ဖက်လွန်းတာကြောင့် ပရိသတ်တွေအားလုံးက ချစ်မဝဖြစ်နေကြပါတယ်။ 

Google

Kim Yuna နဲ့ Ko Woo တို့က ၂၀၁၈ ခုနှစ်မှာ ice show ပွဲမှာ ပထမဦးဆုံး တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မင်္ဂလာဆောင်တော့မယ့်အကြောင်းကို ပြီးခဲ့တဲ့ ဇူလိုင်လကမှ ကြေညာခဲ့တာဖြစ်ပါတယ်။ 

Google
Google

ဒီကနေ့မှာတော့ စကိတ်ချန်ပီယံလေး Kim Yuna နဲ့ အဆိုတော်လေး Ko Woo Rim တို့ရဲ့ ခမ်းနားလှတဲ့ မင်္ဂလာပွဲဓာတ်ပုံလေးတွေ ပြန့်နှံ့လာခဲ့ပါတယ်။ 

Google
Google

ချစ်သူသက်တမ်း ၃ နှစ်မှာ လက်ထပ်ခဲ့ကြတဲ့ Kim Yuna နဲ့ Ko Woo Rim တို့ရဲ့ချစ်စရာ ဓာတ်ပုံလေးတွေအကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။