၂၀၀၄ ခုနှစ်တုန်းက ကမ္ဘာတစ်ဝှမ်းအောင်မြင်မှုတွေ သိမ်းကြုံးရရှိခဲ့တဲ့ ချစ်စံအိမ် Full House ဇာတ်လမ်းကိုတရုတ်နိုင်ငံကနေ ဗားရှင်းအသစ်နဲ့ ရိုက်ကူးပြီးစီးသွားပြီလို့ သိရပါတယ်။ 

Google 

ကိုရီးယားဗားရှင်း ချစ်စံအိမ်ဇာတ်လမ်းမှာ မင်းသား Rain နဲ့ မင်းသမီး Song Hye Kyo တို့ကအဓိကဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားပြီးတရုတ်ဗားရှင်းအသစ်မှာတော့ အနုပညာလောကကနေ အချိန်အတော်ကြာပျောက်ကွယ်သွားတဲ့ ကိုရီးယား-အမေရိကန်ကပြားမင်းသား  Dennis Oh  နဲ့ မင်းသမီး  Zhang Li  တို့က ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

Google 

Spy မင်းသားလို့လူသိများတဲ့ Dennis Oh  က လက်ရှိမှာ ၄၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး မင်းသမီး Zhang Li ကအသက် ၃၈ နှစ်အရွယ်ဖြစ်ပါတယ်။  နှစ်ဦးစလုံးက အသက် ၄၀ ဝန်းကျင်ရှိနေပြီဖြစ်တာကြောင့် နုပျိုပြီးလန်းဆန်းနေတဲ့ အရိပ်အယောင်တွေရှိတဲ့ ချစ်စံအိမ်ဇာတ်လမ်းနဲ့ လိုက်ဖက်မှု မရှိဘူးလို့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။ 

Google 
Google 

ဇာတ်ကားကောင်းမကောင်းကို ထွက်ရှိလာမှပဲ သိရမှာဖြစ်ပေမယ့် အချိန်အတော်ကြပျောက်နေတဲ့ ပရိသတ်အချစ်တော် Spy မင်းသားကြီးရဲ့ အချစ်ကားဖြစ်တာကြောင့် ပရိသတ်တွေက များစွာ မျှော်လင့်နေကြပါတယ်။ 

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။