မင်းသမီး Jung Ryeo Won ဟာဆိုရင် ၁၉၉၂ ခုနှစ် တုန်းက ဩစတေးလျနိုင်ငံမှာ မွေးဖွားခဲ့တဲ့သူဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားဖို့ရောက်လာတဲ့သူဖြစ်ပါတယ်။ ရှည်လျားတဲ့အရပ်အမောင်းနဲ့ ချောမောလှပတဲ့ရုပ်ရည်ကြောင့် ၂၀၀၀ ခုနှစ်မှာ အနုပညာရှင်အဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။

Google

Jung Ryeo Won က စတင်ပွဲဦးထွက်လာတဲ့အချိန်မှာ အိုင်ဒေါတစ်ယောက်ဖြစ်ပြီးနောက်ပိုင်းမှ သရုပ်ဆောင်ပိုင်းကို အားစိုက်လုပ်ခဲ့တာဖြစ်ပါတယ်။ 

Google

Jung Ryeo Won ကို စစချင်းမှာ ပရိသတ်တွေသိပ်ပြီး မသိခဲ့ကြပေမယ့် My Lovely Sam Soon ဇာတ်လမ်းမှာHyun Bin ရဲ့ အချစ်ဦးအဖြစ် သရုပ်ဆောင်ပြီးနောက်မှာ အရုပ်မလေးနဲ့တူတဲ့မျက်နှာလေးကြောင့် ပရိသတ်အားပေးမှုတွေ တခဲနက်ရရှိခဲ့ပါတယ်။ My Lovely Sam Soon ဇာတ်လမ်းတွဲနဲ့ပဲ ကေဒရမ်မာနတ်ဘုရားမ ဆိုတဲ့နာမည်ပြောင်ကိုပါရရှိခဲ့တဲ့ Jung Ryeo Won ဟာ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ဖို့ပါ ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။ 

Google
Google

အောင်မြင်မှုတွေ တခဲနက်ရရှိနေတဲ့အချိန် ၂၀၁၅ ခုနှစ်မှာ Jung Ryeo Won ရဲ့ပြောင်းလဲလာတဲ့ပုံစံကို ပရိသတ်တွေ စတင် သတိပြုမိလာခဲ့ကြပါတယ်။ Jung Ryeo Won က ခန္ဓာကိုယ်အလေးချိန်ပုံမှန်ထက်လျော့လာပြီးမျက်နှာ ပုံစံကလည်းသိသိသာသာပြောင်းလဲလာပါတယ်။ 

Google

အင်တာနက်အသုံးပြုသူတွေတော်တော်များများက Jung Ryeo Won ကို မျက်နှာခွဲစိတ်မှုလုပ်လိုက်တယ်လို့ ယူဆခဲ့ကြပြီး ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး Jung Ryeo Won ရဲ့ ပုံရိပ်ကကျဆင်းခဲ့ပြီးအနုပညာလောကထက်ကပါ နှုတ်ထွက်ရလုနီးပါး ဖြစ်ခဲ့ပါတယ်။ 

Google
Google

Jung Ryeo Won ကိုယ်တိုင်လည်း ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်ခြင်းမရှိတော့ဘဲ ပရိသတ်တွေနဲ့ အဆက်သွယ်ပျက်ကာ သိုသိုသိပ်သိပ်နေထိုင်ခဲ့ပါတယ်။ 

Google

လက်ရှိမှာဆိုရင်တော့ Jung Ryeo Won က ပရိသတ်တွေဆီကိုပြန်လည်ရောက်ရှိလာပေမယ့် သူမရဲ့ ရွှေရောင်နေ့ရက်တွေက ကျော်လွန်သွားခဲ့ပါပြီ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။