ဂျင်ဆန်းမီလို့ခေါ်တဲ့ တောင်ကိုရီးယားမင်းသမီး Chae Rim ဟာဆိုရင် ဆည်းဆာရင်ခုန်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ Chae Rim က ၁၉၉၄ ခုနှစ်မှာကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့သူဖြစ်ပြီး တောင်ကိုရီးယားဇာတ်လမ်းတွေများစွာမှာသာမက တရုတ်ဇာတ်လမ်းတွဲတွေထဲမှာပါ ပါဝင်သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ Chae Rim က အိမ်ထောင်နှစ်ဆက်ကျဖူးတဲ့သူဖြစ်ပြီးဒုတိယအိမ်ထောင်ကွဲပြီးတဲ့နောက်မှာ သားငယ်လေးကို ကိုယ်တိုင်စောင့်ရှောက်နေတာဖြစ်ပါတယ်။ 

Google
Google

Chae Rim က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သားငယ်လေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေ အမြဲလိုလိုတင်ပေးလေ့ရှိပြီး အခုတစ်ခေါက်မှာလည်း သားငယ်လေးကို ပန်းချီပြခန်းခေါ်သွားတဲ့အကြောင်းလေး ဝေမျှပေးလာခဲ့ပါတယ်။

Instagram 
Instagram 
Instagram 

ဓာတ်ပုံလေးထဲမှာ ပန်းချီပြခန်းထဲမှာ ပျော်ရွှင်နေတဲ့ Chae Rim ရဲ့ သားလေးကို တွေ့ရပြီး သားအမိတွေ အရမ်းကို ကြည်နူးပျော်ရွှင်နေကြတာဖြစ်ပါတယ်။ 

Instagram 
Instagram 

Chae Rim က လက်ရှိမှာ ကိုယ်ပိုင် အလှကုန် ကုမ္ပဏီတစ်ခုထူထောင်ထားပြီး Single Mother အဖြစ်ဘဝကြီးကိုတစ်ယောက်တည်း ရပ်တည်နေတာဖြစ်ပါတယ်။ 

Instagram 

အနုပညာလှုပ်ရှားမှုတွေ အားလုံးကနေ ရပ်နားထားတဲ့ Chae Rim ကို ပရိသတ်တွေက ရုပ်ရှင်ကားတွေပြန်ရိုက်ဖို့လည်း မျှော်လင့်နေကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။