တောင်ကိုရီးယားနာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Sung Hyuk ဟာဆိုရင် ဒီကနေ့မှာ လက်ထပ်သွားပြီလို့ သိရပါတယ်။ Sung Hyuk က အောက်တိုဘာလ ၂၁ ရက်နေ့မှာ အနုပညာလောကထဲကမဟုတ်တဲ့ ကောင်မလေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 

Google

မင်းသား Sung Hyuk က ချစ်သူကောင်မလေးနဲ့ ၂ နှစ်အကြာတွဲခဲ့ပြီးတဲ့နောက်မှာ ဘဝတစ်ခုကို အတူတကွတည်ထောင်ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၆ ရက်နေ့မှာ Sung Hyuk က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဘဝအသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ၊ သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကူညီထောက်ပံ့ပေးဖို့ ဆုံးဖြတ်ပြီး ကောင်မွန်တဲ့ဆက်ဆံရေးကို တည်ဆောက်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ 

Google

Sung Hyuk က သူ့ရဲ့အမျိုးသမီးဖြစ်လာမယ့်သူက သူ့ကို အမြဲတမ်းထောက်ပံ့ပေးနေတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး ဘာမှမရှိတဲ့အချိန်မှာတောင် အမြဲတမ်းသူ့ဘက်မှာ ရပ်တည်ပေးမယ့်သူဖြစ်ကြောင်းဆိုခဲ့ပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသား Sung Hyuk က ၂၀၀၄ ခုနှစ်မှာ Lotus Flower Fairy ဇာတ်လမ်းတွဲနဲ့ ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး Jang Bori is Here! ၊ You Are the Only One ၊ A Korean Odyssey ၊ Save Me 2 ၊ the movie “Good Friends,” နဲ့ “Operation Chromite ဇာတ်လမ်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။