တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ဟာဆိုရင် ချောမောလှပပြီး လူငယ်ဆန်တဲ့ပုံစံကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားတဲ့သူဖြစ်ပါတယ်။

Google

သူမက အသက် ၄၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး မကြာသေးမီကမှ အသက် ၁၀ နှစ်ပိုငယ်တဲ့အဆိုတော်လေး Kevin Oh နဲ့ မင်္ဂလာပွဲ ကျင်းပ ပြီးထားတာဖြစ်ပါတယ်။ Gong Hyo Jin က ချစ်သူကောင်လေးနဲ့ မင်္ဂလာပွဲ ဆင်နွှဲ ပြီးပြီးချင်းမှာ အမေရိကားကနေ တောင်ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ Gong Hyo Jin က သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခင်ပွန်းဖြစ်သူမဟုတ်တဲ့ သူစိမ်းယောကျာ်း အမျိုးသားနဲ့ ဖက်ထားတဲ့ ပုံရိပ်လေး တင်ခဲ့ပါတယ်။ Gong Hyo Jin ကတော့ အဆိုပါ အမျိုးသားကို သူမရဲ့ မိတ်ကပ် Artist လို့ပြောထားပါတယ်။ 

Google
Google

ဓာတ်ပုံထဲမှာ Gong Hyo Jin က ပေါ့ပေါ့ပါးပါး ပုံစံ မိတ်ကပ်နဲ့ ခါးတိုအင်္ကျီ ၊ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပါတယ်။ Gong Hyo Jin ရဲ့ ပုံစံက ရယ်မောပျော်ရွှင်နေပြီး သာမန်လူလွတ်တစ်ယောက်လိုမျိုး ဖြစ်နေတာကြောင့် ပရိသတ်တွေက သူမရဲ့ ခင်ပွန်းလောင်းလေးက အခုပုံစံကို မြင်ရင် သဝန်မတိုဘူးလားလို့ မေးခွန်းထုတ်ထားကြပါတယ်။ တချို့ကလည်း Gong Hyo Jin က ခင်ပွန်းဖြစ်သူ သဝန်တိုပြီး ကိုရီးယားကိုလာအောင် တမင် ပုံတင်လိုက်တာလို့ မှန်းထားကြပါတယ်။ 

Google

တောင်ကိုရီးယားမင်းသမီး Gong Hyo Jin က အသက် ဆယ်နှစ်ပိုငယ်တဲ့ ချစ်သူကောင်လေး အဆိုတော် Kevin Oh နဲ့ နယူးယောက်မြို့မှာ အောက်တိုဘာလ ၁၂ ရက်နေ့က မင်္ဂလာပွဲ ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။