Squid Game ဇာတ်လမ်းမှာ ပရိသတ်တွေ အားပေးမှု အများဆုံးရရှိခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ အသက် ၇၈ နှစ်အရွယ် Oh Young-soo လည်း တစ်ယောက် အပါအဝင်ပဲဖြစ်ပါတယ်။ Oh Young-soo က အသက် ၈၀ နားရောက်နေပြီဖြစ်ပေမယ့် လူငယ်လေးတွေထက် ပိုပြီးသန်မာပြီး သရုပ်ဆောင်လည်း ကောင်းမွန်လွန်းတဲ့သူဖြစ်ပါတယ်။

Google

မကြာသေးမီကလည်း Squid Game မင်းသားကြီး Oh Young-soo တစ်ယောက် လူငယ်တွေတောင်တော်ရုံမဝတ်ရဲတဲ့ ဖက်ရှင်ကို ဝတ်ထားခဲ့တဲ့ ဓာတ်ပုံတွေ ပြန့်နှံ့လာခဲ့ပါတယ်။ အဆိုပါဓာတ်ပုံတွေကို Arena Homme မဂ္ဂဇင်းကနေ တင်ခဲ့တာဖြစ်ပြီး ဓာတ်ပုံတွေ တင်တင်ချင်းမှာ ပရိတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ 

Google

ထွက်ရှိလာတဲ့ ဓာတ်ပုံတွေထဲမှာ Oh Young-soo က ကင်မရာကို ခပ်ပြင်းပြင်းအကြည့်တွေနဲ့ကြည့်ပြီး ဆံပင်အရောင်လည်း ဆိုးထားပါတယ်။ မိမိုက်နေတဲ့ ပုံစံနဲ့ ဝတ်ထားတဲ့ဖက်ရှင်က လိုက်ဖက်မှုရှိလွန်းနေတာကြောင့် အသက်အရွယ်ကိုတောင် မေ့ပျောက်သွားစေခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပြီး အရာအားလုံးကို ယုံကြည်ချက်တစ်ခုတည်းနဲ့ ဖြတ်သန်းကျော်လွှားနိုင်တာကလည်း Oh Young-soo ရဲ့ အားသာချက်ပဲဖြစ်ပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသားကြီး Oh Young-soo က ၁၉၄၄ ခုနှစ်မှာမွေးဖွားခဲ့တာဖြစ်လို့ လက်ရှိမှာ အသက် ၇၈ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ Oh Young-soo က ၂၀၀၀ ခုနှစ်တွေထဲက အနုပညာလောကထဲကို ဝင်ရောက်ခဲ့တဲ့သူဖြစ်ပြီး ဇာတ်ပို့သရုပ်ဆောင်အဖြစ် ဒရမ်မာတွေနဲ့ဇာတ်လမ်းတွဲတွေ အများကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Google
Google

Oh Young-soo က ၂၀၂၂ ခုနှစ်မှာ ကိုရီးယားရဲ့ ပထမဦးဆုံး Golden Globe Award for Best Supporting Actor ဆုကြီးကို ရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။

Google
Google

အသက်ကြီးပေမယ့် မပျက်စီးသေးဘူးဆိုတဲ့ စာသားကို မျက်မြင်ကိုယ်တွေ့ သက်သေပြလိုက်တဲ့ တောင်ကိုရီးယားမင်းသားကြီး Oh Young-soo ရဲ့ ဖက်ရှင်အလန်းစားဓာတ်ပုံတွေကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။