ရွှေမင်းသားလေးချစ်ပုံပြင်ဇာတ်လမ်းမှာ အဓိက သရုပ်ဆောင်အိမ်ရှေ့စံ လီရှင်း အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယားမင်းသား Ju Ji Hoon ဟာဆိုရင်တစ်ချိန်တစ်ခါက မူးယစ်ဆေးဝါးအမှုနဲ့ထောင်ကျခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google
Google

Ju Ji Hoon က ၂၀၀၉ ခုနှစ်တုန်းက  မူးယစ်ဆေးဝါးမှုနဲ့ထောင် ၆ လကျခဲ့ပြီး ၊ ၁ လတိတိ အနုပညာလုပ်ခွင့် ပိတ်ပင်ခြင်း ခံခဲ့ရကာ စေတနာ့ဝန်ထမ်းအဖြစ် နာရီပေါင်း ၁၂၀ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါတင်မကသေးပါဘူး။ ဒဏ်ကြေးအဖြစ် လျော်ကြေးငွေ ၃ သိန်း ၆ သောင်းလည်း ပေးလျှော်ခဲ့ရပါသေးတယ်။

Google

Ju Ji Hoon က အရမ်းကို အောင်မြင်မှုတွေရရှိနေတဲ့အချိန်မှာ ထောင်ကျခဲ့တာဖြစ်တာကြောင့် နာမည်ပျက်ပြီး အနုပညာလောကထဲကို ဘယ်တော့မှ ပြန်ပြီး မဝင်နိုင်လောက်တော့ဘူးလို့ ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း စန်းတစ်ခုလို့ပြောရမလားမသိပါဘူး။ Ju Ji Hoon က အနုပညာလောကထဲကိုနောက်တစ်ကြိမ်ပြန်ဝင်ပြီး ထပ်မံကြိုးစားခွင့်တွေ အများကြီး ရရှိခဲ့ပါတယ်။ ကြိုးစားတိုင်းလည်း အောင်မြင်မှ အောင်မြင်နိုင်ပေမယ့် Ju Ji Hoon ကတော့ အောင်မြင်ခဲ့ပါတယ်။

Google 

Ju Ji Hoon က ၂၀၁၁ ခုနှစ်မှာ စိတ်သစ်လူသစ်နဲ့ မူးယစ်ဆေးဝါးသားကျေးကျွန်ဘဝကို ကျော်လွန်ပြီး အနုပညာ လမ်းကြောင်းထက်ပေါ်ကို ပြန်လည်လျှောက်လှမ်းခဲ့ပါတယ်။ Ju Ji Hoon  ဟာ Along with the Gods ဇာတ်လမ်းနဲ့ အောင်မြင်မှုတွေကို ပြန်လည်ရရှိခဲ့ပြီးနောက်မှာ ကျဆင်းနေတဲ့ နာမည်ကို ပြန်ဆယ်နိုင်ခဲ့ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဖြစ် ပြန်ပြီးရပ်တည်နိုင်ခဲ့ပါတယ်။ Kingdom ဇာတ်လမ်းတွဲကလည်း Ju Ji Hoon ကို ထပ်ပြီး လူသိများလာစေတဲ့ ဇာတ်လမ်းတွဲ ဖြစ်စေခဲ့ပါတယ်။ 

Google
Google
Google

ဟိုးအောက်ခြေအထိရောက်အောင် နာမည်ကျဆင်းခဲ့သလို ထောင်အထိပါ ကျခဲ့တဲ့ တောင်ကိုရီးယားမင်းသား Ju Ji Hoon ဟာ အမှားတွေကို အမှန်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီး လက်ရှိမှာ အောင်မြင်နေတဲ့ မင်းသား အဖြစ်ရပ်တည်နေလျက်ရှိပါတယ်။

Google

Ju Ji Hoon က လက်ရှိအချိန်အထိ အိမ်ထောင်မပြုရသေးဘဲ ချစ်သူရည်းစားမရှိတဲ့သူအဖြစ် ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ Ju Ji Hoon ရဲ့ လက်ရှိအသက်ကတော့ ၄၀ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။