တောင်ကိုရီးယားမင်းသမီး Park Eun Bin ဟာဆိုရင် ငယ်ငယ်လေးကတည်းက ပရိသတ်တွေကြားမှာ အချစ်တွေ အများကြီး ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ မကြာသေးမီက ဟာသသရုပ်ဆောင် Kim Sook က Park Eun Bin ရဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ တုန်းက ဓာတ်ပုံလေးကို ချပြလာခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ Park Eun Bin က ငယ်ငယ်လေးပဲရှိပြီး ကလေးမျက်နှာလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေပါတယ်။ 

Google
Google
Google

လွန်ခဲ့တဲ့ ၂၆ နှစ်က မင်းသမီး Park Eun Bin ရဲ့ ပုံလေးကို ဟာသသရုပ်ဆောင် Kim Sook က သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှပေးထားတာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက Park Eun Bin ရဲ့ အသက်က ၄ နှစ်သမီးအရွယ်လေးပဲ ရှိပါသေးတယ်။ အသက် ၄ နှစ်အရွယ်တုန်းက Park Eun Bin ရဲ့ မျက်နှာက လက်ရှိ အသက် ၃၀ အရွယ်အတိုင်း မပြောင်းလဲဘဲ နုပျိုပြီး ချစ်ဖို့ကောင်းနေဆဲပဲဖြစ်ပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသမီး Park Eun Bin က ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဆိုပေမယ့် လူကြီးသရုပ်ဆောင်အဖြစ်လည်းတော်တော်လေးအောင်မြင်တဲ့သူဖြစ်ပါတယ်။

Google

Park Eun Bin က မကြာသေးမီက Extraordinary Attorney Woo ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားပြီး ကမ္ဘာနဲ့ချီတဲ့အောင်မြင်မှုတွေ တခဲနက်ရရှိထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။