ထိုင်းမင်းသမီး Bella Ranee က ချစ်သူဟောင်း နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေငြာလိုက်ပြီး ကတည်းက ထိုင်းအနုပညာလောကထဲမှာ အမျိုးသားသရုပ်ဆောင်တော်တော်များများက သူမကို တွဲစေချင်ကြပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အချစ်ရေးဘဝကို ပိုင်ဆိုင်စေချင်ကြတာကြောင့်ပါ။

Photo Credit : Popular.com
Photo Credit : Popular.com

ပရိသတ်တွေက Bella ကို မင်းသားငယ်ငယ်လေးတွေနဲ့ တွဲပေးပြီးတဲ့နောက်ပိုင်းမှာ အဆိုတော် သရုပ်ဆောင် Gunnapat က Bella လေးနဲ့ အတူတူတွဲရိုက်ထားတဲ့ ပုံကို Instagram မှာ တင်ခဲ့တာကြောင့် ပရိသတ်တွေက အံ့အားသင့်ခဲ့ရပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Bella ကို သဘောကျကြောင်း ကြေငြာပြီးနောက်မှာတော့ သူတိုရဲ့ အချစ်ရေးကို လူတော်တော်များများက သံသယတွေ  ဝင်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်းလေး ပေါ်လာပြီးနောက်မှာ Gunnapat က “Bella ကို ကြိုက်တယ်လို့ ပြောတာက သူမရဲ့ သရုပ်ဆောင်မှုကို နှစ်သက်ပြီး အရည်အချင်းကလည်း ပြိုင်စံရှားလေးပါပဲ။ ရုပ်ရည်လေးကလည်း ချောတယ်လေ. ဖော်ရွေသူလည်း ဖြစ်တာကြောင့် သူမကိုတော့ အချစ်ရေးမှာ ကံကောင်းစေချင်တယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။