တောင်ကိုရီးယားမင်းသားကြီး So Ji-sub ဟာဆိုရင် သူ့ထက် အသက် ၁၇ နှစ်အရွယ်ပိုပြီးငယ်တဲ့ ဇနီးဖြစ်သူ Cho Eun-jung နဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးက နာမည်ကြီးတဲ့ အနုပညာရှင်တွေ ဖြစ်ပေမယ့် မင်္ဂလာပွဲကို ပကာသနတွေ အများကြီးနဲ့ ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ကြဘဲ မင်္ဂလာပွဲကို အကျဉ်းချုံးသာ ကျင်းပခဲ့ပါတယ်။ အကျဉ်းချုံးကျင်းပပြီး မင်္ဂလာပွဲကနေ ပိုတဲ့ ဝမ်သန်း ၅၀ တိတိကို ပြန်လည်လှူဒါန်းခဲ့ကြပါတယ်။  

Google

မင်းသားကြီး So Ji-subက အသက် ၄၀ ကျော်အရွယ်မှ လက်ထပ်ခဲ့တာဖြစ်တာကြောင့် မိန်းမယူတဲ့အချိန်ကတော်တော်လေး နောက်ကျနေပါပြီ။ ဒါကြောင့် နောက်ကျမှ အိမ်ထောင်ပြုရတဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီး So Ji-sub က အင်တာဗျူးမှာ အသေးစိတ်လေးဖြေဆိုပေးခဲ့ပါတယ်။

Google

So Ji-sub က ချစ်သူကောင်မလေးနဲ့ ၂၀၁၉ ခုနှစ်မှာ တွဲနေကြောင်း တရားဝင်ကြေညာခဲ့ပြီး ချစ်သူသက်တမ်း ၃ နှစ် ၂၀၂၀ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ So Ji-sub က အိမ်ထောင်ပြုမယ့်ကိစ္စကို တွေးနေခဲ့တာအချိန်တော်တော်လေး ကြာခဲ့ပြီဖြစ်ကြောင်း ၊ ဇနီးလေးက အရမ်းကောင်းတာကြောင့် လက်ထပ်ခဲ့တာအရမ်းပျော်ကြောင်း ဆိုခဲ့ပါတယ်။

Google

So Ji-sub က လက်ထပ်ပြီးနောက်မှာ ပိုပြီးလုံခြုံနွေးထွေးမှုကို ခံစားမိလာကြောင်း ၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်လည်း ပိုပြီးရင့်ကျက်လာကြောင့် ၊ အသိတွေထဲမှာ လက်မထပ်ရသေးတဲ့သူတွေရှိကြရင်လည်း ယူသာယူကြဖို့ တိုက်ကွန်းထားပါတယ်။ So Ji-sub က လက်ထပ်ပြီးနောက်မှာ ကိုယ်အလေးချိန်တက်ခဲ့ရတဲ့အကြောင်းအရင်းကလည်း စိတ်အရမ်းချမ်းသာနေလို့ဖြစ်ကြောင်း ၊ ဝိတ်လျော့နေလို့ မိန်းမနဲ့အတူ ထမင်းမစားမိရင်ကို တော်တော်လေး စိတ်မကောင်းဖြစ်နေမိကြောင်း ၊ မိန်းမနဲ့အတူတူ ထမင်းစားမိနေလို့ အခုလို အလေးချိန်မထိန်းနိုင်ဖြစ်နေတာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Google
Google

ခမ်းနားကြီးကျယ်တဲ့မင်္ဂလာပွဲ မဆင်နွှဲခဲ့ရဘဲ မင်္ဂလာကြေးတွေအားလုံးကို လှူဒါန်းခဲ့တဲ့တောင်ကိုရီးယားမင်းသားကြီး So Ji-sub ရဲ့ အဓိပ္ပါယ်ရှိလွန်းတဲ့ မင်္ဂလာပွဲ အကြောင်းကိုပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။