မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ Red Velvet အဖွဲ့ဝင် Wendy ရဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ ရှာဖွေမှုအများဆုံးဖြစ်နေပါတယ်။ ရှာဖွေမှုအများဆုံးဖြစ်နေတဲ့ အကြောင်းအရာကတော့ Red Velvet အဖွဲ့ဝင် Wendy ကသူမတို့အဖွဲ့အယ်ဘမ်တွေကို ပရိသတ်တွေကို မဝယ်ဖို့ တောင်းဆိုခဲ့တဲ့စာရေးတင်ခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။ 

Google

တားမြစ်ခဲ့ရတဲ့အကြောင်းအရင်းက Wendy က သူမရဲ့ပရိသတ်တွေပြောတဲ့ စကားကိုသိခဲ့ပြီး အဆိုပါ စကားဝိုင်းထဲမှာ Red Velvet ရဲ့ အယ်ဘမ်ကို ဝယ်ယူဖို့အတွက် ပိုက်ဆံတွေစုရမယ်လို့ ပြောနေကြတာကို တွေ့ရှိခဲ့တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ Wendy က concert အကြောင်းဘာမှမသိရသေးပေမယ့် အယ်ဘမ်တွေကိုအများကြီး မဝယ်ဖို့ ၊ အယ်ဘမ်တစ်ခုထဲဝယ်ရုံနဲ့ လုံလောက်နေပြီဖြစ်ကြောင်း သူမတို့အဖွဲ့ရဲ့ သီချင်းလေးတွေကိုနားထောင်ပေးရုံနဲ့တင် ထောက်ပံ့ပေးပြီးသားဖြစ်ကြောင်း လုံလောက်နေပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ 

Google

Wendy က အယ်ဘမ်ဝယ်မယ့် ပိုက်ဆံတွေနဲ့ အရသာရှိတဲ့ အစားအသောက်တွေကိုဝယ်ပြီး မိသားစုနဲ့အတူ စားလို့ရသလို ၊ ကျန်းမာရေးအတွက်လည်း အသုံးပြုလို့ရကြောင်း ဆိုပါတယ်။ Wendy က ပိုက်ဆံလေးတွေကိုသိမ်းထားပြီး စားကောင်းတာဝယ်စားဖို့ ၊ အနွေးထုတ်လေးတွေဝယ်ပြီး နွေးနွေးထွေးထွေးနေဖို့ ၊ နေမကောင်းရင်ဆေးရုံသွားဖို့ တိုက်တွန်းထားပါတယ်။ အခုရက်ပိုင်းတွေမှာ ပရိသတ်တွေက အယ်ဘမ်ဝယ်ဖို့ပဲ စိတ်ထဲရှိနေတာကြောင့် အယ်ဘမ်ဝယ်ဖို့ချည်းမလုပ်ဘဲ အရေးကြီးတာလေးတွေ လုပ်ဖို့အတွက်လည်း ဆက်လက်တိုက်တွန်းထားပါတယ်။ 

Google
Google
Google

ဒါ့အပြင် Wendy က အယ်ဘမ်တွေက ဗားရှင်အမျိုးမျိုးထွက်နေတာကြောင့် ဗားရှင်းမျိုးစုံဝယ်ဖို့လည်း မလိုအပ်ဘဲ အရမ်းကြိုက်တဲ့ တစ်ခုကို ဝယ်ယူရုံနဲ့လုံလောက်ကြောင်း ထပ်ဆောင်းပြောထားပါသေးတယ်။ 

Google

Wendy ရဲ့တောင်းဆိုမှုကို Netizen တွေက ထောက်ခံခဲ့ကြပြီး သူမရဲ့ ပရိသတ်အပေါ် တောင်းဆိုချက်ကို ချီးကျူးထားပါတယ်။ Wendy ရဲ့ နာမည်အရင်းက Son Seung-wan ဖြစ်ပြီး သူမက ၂၀၁၄ ခုနှစ်ကတည်းက Red Velvet အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။