တောင်ကိုရီးယားမင်းသမီး Kim Yoo-jung ဟာဆိုရင် ကလေးသရုပ်ဆောင်အဖြစ်ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး အနုပညာလောကထဲကို စတင်ရောက်ရှိလာခဲ့စဉ်ကတည်းက တဟုန်ထိုးအောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။
Kim Yoo-jung ရဲ့ အစ်မဖြစ်သူက သရုပ်ဆောင် Kim Yeon-jung ဖြစ်ပြီး ညီအစ်မ နှစ်ယောက်စလုံးကရုပ်လေးတွေ အရမ်းတူပါတယ်။ Kim Yoo-jung က ၂၀၀၃ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ အောင်မြင်မှုတွေ တဟုန်ထိုး ရရှိခဲ့ပါတယ်။
Kim Yoo-jung က ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့ ကောင်မလေးဖြစ်ပြီး ၂၀၁၅ ခုနှစ်ကနေ လက်ရှိအချိန်အထိ မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလမှာ Kim Yoo-jung က သိုင်းရွိုက်ရောဂါကြောင့် အနုပညာလှုပ်ရှားမှုတွေကနေ ခဏ အနားယူခဲ့ရပါသေးတယ်။
Kim Yoo-jung က သိုင်းရွိုက်ဂလင်း အလုပ်မလုပ်ခြင်း ရောဂါကြောင့် ခဏ အနားယူပြီးနောက်မှာ ၂၀၂၀ ခုနှစ်ကစပြီး အနုပညာအလုပ်တွေ အဆက်မပျက် ဆက်ပြီး လုပ်နေခဲ့ပါတယ်။
လက်ရှိမှာလည်း Kim Yoo-jung က 20th Century Girl ဇာတ်လမ်းမှာ အသက် ၁၇ နှစ်အရွယ်ကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။
Kim Yoo-jung က လက်ရှိမှာ အသက် ၂၃ နှစ်အရွယ်ရှိနေပြီပဲဖြစ်ပေမယ့် ငယ်ရုပ်လေးမပျောက်ဘဲ ချစ်ဖို့ကောင်းနေဆဲပဲ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။