မြန်မာ ပရိသတ်တွေကြားမှာ လီဆောင်းဦးလို့ လူသိများတဲ့ တောင်ကိုရီးယားနာမည်ကြီးမင်းသမီး Kim Hyun Joo ဟာဆိုရင် အောင်မြင်တဲ့သူတစ်ယောက်ဆိုပေမယ့် ခက်ခဲလှတဲ့ ဘဝအတက်အကျတွေကိုရင်ဆိုင်ခဲ့ရတဲ့သူဖြစ်ပါတယ်။ Kim Hyun Joo လို့ပြောလိုက်တာနဲ့သူမရဲ့ နာမည်ကြီးဇာတ်လမ်းတွဲ ဖြစ်တဲ့ ဖန်ခြေနင်းနဲ့ယမင်းရွှေစင်ဇာတ်လမ်းကို အရင်ဆုံး ပြေးမြင်မိမှာပါနော်။ Kim Hyun Joo က အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိနေပြီဆိုပေမယ့်လည်း လှပမှုတွေမပြောင်းလဲဘဲ အလှဆုံးအမျိုးသမီးတစ်ယောက်အဖြစ် ဆက်ပြီး ရပ်တည်နေတုန်းပဲဖြစ်ပါတယ်။ 

Google

မင်းသမီးကြီး Kim Hyun Joo ကို Gyeonggi Province မှာရှိတဲ့ ငွေကြေးမချမ်းသာတဲ့ သာမန်မိသားစုတစ်စုကနေ မွေးဖွားခဲ့တယ်ဆိုပေမယ့် သူမက အနုပညာကိုစိတ်ဝင်စားပြီး တယောတီးတာနဲ့ ပီယာနိုတီးတာကို ဝါသနာပါတဲ့သူဖြစ်ပါတယ်။

Google
Google
Google

နယ်မြို့လေးတစ်မြို့ကနေ မြို့ပေါ်ကိုပြောင်းသွားတဲ့အခါမှာ Kim Hyun Joo က မော်ဒယ်တစ်ယောက်အဖြစ် ဆက်လက်လျှောက်လှမ်းဖို့အခွင့်အရေးရခဲ့ပါတယ်။ Kim Hyun Joo က လှပပြီး တည်ငြိမ်တဲ့သူဖြစ်ပေမယ့် ပုံစံလေးက ဖော်ရွေပြီး ချည်းကပ်လို့ကောင်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ မင်းသမီးကြီး Kim Hyun Joo က  မင်းသား So Ji Sub နဲ့ တွဲပြီးနောက် အခြားသူတွေနဲ့ သတင်းထပ်မထွက်ခဲ့တော့ဘဲ အချိန် ၂၁ နှစ်ကြာအောင် တစ်ကိုယ်တည်းဘဝနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ 

Google

So Ji Sub နဲ့ Kim Hyun Joo တို့က ဖန်ခြေနင်းနဲ့ယမင်းရွှေစင်ဇာတ်လမ်းမှာ အရမ်းလိုက်ဖက်ခဲ့ကြပြီး အပြင်မှာပါတွဲခဲ့ကြပေမယ့် မိဘတွေက သဘောမတူတာကြောင့် ၂၀၀၁ ခုနှစ်မှာ လမ်းခွဲခဲ့ကြရပါတယ်။

Google
Google
Google

Kim Hyun Joo ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ မင်းသားကြီး So Ji Sub က ၂၀၂၀ ခုနှစ်မှာ တစ်ကိုယ်တည်းလူပျိုကြီးဘဝကနေ ကွဲထွက်ပြီး အိမ်ထောင်ပြုခဲ့ပါတယ်။ Kim Hyun Joo က မင်းသား So Ji Sub နဲ့ တွဲနေတဲ့ အချိန်ကာလမှာ So Ji Sub တစ်ယောက်တည်းသာ သူမ ဘဝမှာ ပထမဦးဆုံးနဲ့နောက်ဆုံးချစ်ရသူလို့ ပြောခဲ့ဖူးတဲ့သူဖြစ်ပါတယ်။ ဒါပေမယ်လည်း So Ji Sub နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ အရမ်းတည်ငြိမ်သွားပြီး အချစ်ဆိုတဲ့စကားလုံးကိုလည်း ထပ်ပြီး မပြောခဲ့တော့ပါဘူး။ 

Google
Google

တစ်ယောက်တည်းဘဝအကြောင်းကို အင်တာဗျူးခဲ့တဲ့အချိန်မှာလည်း Kim Hyun Joo က သူမဘဝမှာ ယောကျာ်းတစ်ယောက်ထပ်ပြီး မလိုအပ်တော့ကြောင်း ၊ သူမကိုယ်တိုင်က အိမ်အတွက်လိုအပ်တဲ့ ပရိဘောဂရိုက်တာကအစ ၊ လျှပ်စစ်မီးသွယ်တန်းတာတွေအပြင် အလေးအပင်မတာတွေကိုပါ လုပ်တတ်ကြောင်းဆိုခဲ့ပါတယ်။ 

Google

အထီးကျန်တဲ့နေ့ရက်တွေကို ဖြတ်သန်းရတာကြောင့် တစ်စုံတစ်ယောက်ကို အနားမှာရှိချင်ပေမယ့် သူမတန်ဖိုးထားရတဲ့တစ်စုံတစ်ယောက်ကို အနားကနေ ထပ်ပြီး မထပ်သွားစေချင်တော့ဘူးလို့ Kim Hyun Joo က ဆိုပါတယ်။

Google

၂၁ နှစ်တိုင်အောင် ရည်းစားထပ်မထားဖြစ်တော့ဘဲ ဘဝကို တစ်ယောက်တည်း ဖြတ်သန်းနေတဲ့ တောင်ကိုရီးယားနာမည်ကြီးမင်းသမီး Kim Hyun Joo ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။