တောင်ကိုရီးယားမင်းသမီး Lee Yeon-hee ဟာဆိုရင် ခင်ပွန်းဖြစ်သူအကြောင်းကို ဘာကြောင့် လျို့ဝှက်ထားရတာလဲဆိုတာကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ Lee Yeon-hee က ၂၀၂၀ ခုနှစ်မှာ သူမထက်အသက် ၂နှစ်ကြီးတဲ့ ခင်ပွန်းဖြစ်သူနဲ့လက်ထပ်ခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့မျက်နှာကို လျို့ဝှက်ခဲ့ပါတယ်။ 

Google

အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး Lee Yeon-hee က အင်တာဗျူးမှာဖြေရှင်းပေးခဲ့ပါတယ်။ Lee Yeon-hee က လူသိရှင်ကြားပုဂ္ဂိုလ်အဖြစ် အချိန်အကြာကြီး နေထိုင်ခဲ့ရတာကြောင့် public နဲ့ private ပုံစံကို ခွဲခြားသင့်ကြောင်း စဉ်းစားမိခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ဆုံးဖြတ်ချက်ကို သူမရဲ့ မိသားစုဝင်တွေကလည်း နားလည်လက်ခံပေးတယ်လို့ ဆိုပါတယ်။ 

Google
Google
Google

Lee Yeon-hee က သူမရဲ့ အစ်မဖြစ်သူနဲ့ကော်ဖီဆိုင်ထိုင်တဲ့အချိန်မှာ ပရိသတ်တွေက သူမကို မှတ်မိနေတာကြောင့် အစ်မဖြစ်သူအနေနဲ့ စိတ်ထဲ မသက်မသာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မိသားစုဝင်တွေစိတ်ထဲ နေရတာ အဆင်မပြေမှာ စိုးရိမ်တာကြောင့် အခုလိုမျိုး လျို့ဝှက်ပေးထားဖို့အတွက် ကြိုးစားခဲ့ပြီး ခင်ပွန်းဖြစ်သူရဲ့ ပုံရိပ်ကိုပါ ဖုံးကွယ်ခဲ့တာလို့ ဆိုပါတယ်။ 

Google

Lee Yeon-hee က လက်ထပ်ထားတာ ၂၀၂၀ ခုနှစ်ကတည်းကဆိုပေမယ့် ခင်ပွန်းဖြစ်သူအကြောင်းကို တစ်ခါမှ ထုတ်ဖော်မပြောဖူးဘဲ သူမရဲ့ အကြောင်းတွေကိုသာ ပရိသတ်တွေရှေ့ကို ထုတ်ဖော်ပြသလေ့ရှိပါတယ်။

Google
Google
Google

ချစ်ဖို့ကောင်းပြီး ယဉ်ယဉ်လေးနဲ့လှတဲ့ မင်းသမီး Lee Yeon-hee ရဲ့ မိသားစုအပေါ်တန်ဖိုးထားတတ်ပုံလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။