Blackpink အဖွဲ့ဟာဆိုရင် တောင်ကိုရီးယားနိုင်ငံမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ နာမည်ကြီးအောင်မြင်မှု ရရှိနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

Google

 အဖွဲ့ဝင်တွေက အချင်းချင်းချစ်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကူညီးရိုင်းပင်းတတ်ကြတာကြောင့်လည်း Blackpink အဖွဲ့ကို ချစ်တဲ့သူတွေ များပါတယ်။ 

Google

Blackpink အဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Lisa ရဲ့ မိခင်ကြီး Chitthip Bruschweiler ဟာဆိုရင်လည်းလတ်တလောမှာ ပရိသတ်တွေကြားမှား နာမည်ကြီးနေပါတယ်။ 

Google
Google

Lisa ရဲ့ မိခင်ကြီးက ထိုင်းနိုင်ငံသူတစ်ယောက်ဖြစ်တာကြောင့် သမီးဖြစ်သူနဲ့အတူ ကိုရီးယားနိုင်ငံမှာ မနေနိုင်ပါဘူး။ ဒါကြောင့် သူမက သမီးလေးနဲ့တွေ့ချင်ရင် ထိုင်းနိုင်ငံကနေ တစ်ဆင့်ကိုရီးယားကိုအရောက်သွားရပါတယ်။ Lisa ရဲ့ မိခင်ကြီးက အရွယ်နဲ့မလိုက်အောင် နုပျို သွက်လတ်တဲ့သူဖြစ်ပြီး ပေါ့ပေါ့ပါးပါးနေထိုင်တတ်တဲ့သူဖြစ်ပါတယ်။ 

Google
Google
Google

Lisa ရဲ့ မိခင်ကြီးက မကြာသေးမီကကျင်းပခဲ့တဲ့ သူမ သမီးလေးရဲ့ ဖျော်ဖြေပွဲဖြစ်တဲ့ Born Pink ကိုလည်း ပျော်ရွှင်စွာ တက်ရောက်အားပေးခဲ့ပါသေးတယ်။ 

Google
Google

ဖျော်ဖြေပွဲမှာ Lisa ရဲ့ အမေက Blackpink အဖွဲ့ဝင်တိုင်းနဲ့အတူတွဲပြီးကိုယ်တိုင်ကိုယ်ကျ ဓာတ်ပုံအတူတွဲရိုက်ခဲ့ပါသေးတယ်။ 

Google
Google

အဖွဲ့ဝင်တွေအားလုံးကို သမီးလေးတွေလိုမျိုး နွေးထွေးကြင်နာမှုအပြည့်နဲ့ ဆက်ဆံပေးခဲ့တဲ့ Lisa ရဲ့ မိခင်ကြီး ပုံရိပ်ဟာ ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။