F4 ချစ်သူဇာတ်လမ်းမှာ ဂျီဟိုအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ တောင်ကိုရီးယားမင်းသား Kim Hyun-joong ဟာဆိုရင် ဖခင်ဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့ အခြေအနေလေးကို ဖော်ပြပေးလာခဲ့ပါတယ်။ ဓာတ်ပုံထဲမှာ Kim Hyun-joong က အဆိုတော် Se7en နဲ့ ဂေါက်ကစားနေတာဖြစ်ပြီး ရယ်မော ပျော်ရွှင်နေတဲ့ပုံရိပ်ကို အတိုင်းသားတွေရပါတယ်။ 

Google
Google
Google

ဒီအကြောင်းအရာလေးကို အဆိုတော် Se7en က အောက်တိုဘာလ ၁၅ ရက်နေ့မှာ Golf over flowers ဆိုတဲ့စာသားလေးနဲ့တင်ပေးလာတာဖြစ်ပါတယ်။ တောင်ကိုရီးယားမင်းသား Kim Hyun-joong က ဇူလိုင်လ ၅ ရက်နေ့မှာ လက်ထပ်ထားတာဖြစ်ပြီး လက်ရှိမှာကလေးတစ်ယောက် အဖေတောင် ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ Kim Hyun-joong ရဲ့ အခြေအနေက လက်ထပ်ပြီးနောက်မှာ သာသာယာယာလေးဖြစ်နေပြီး လန်းဆန်းတက်ကြွနေပါတယ်။

Google
Google

တောင်ကိုရီးယားမင်းသား Kim Hyun-joong က ၂၀၀၅ ခုနှစ်မှာ SS501 ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့တာဖြစ်ပြီး F4 ချစ်သူလို့ လူသိများတဲ့ Boys Over Flowers ဇာတ်လမ်းနဲ့ ဟန်ဆောင်အနမ်းလို့ လူသိများတဲ့Playful Kiss ဇာတ်လမ်းတို့နဲ့ နာမည်ရအောင်မြင်ခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google

Kim Hyun-joong က ဇူလိုင်လ ၅ ရက်နေ့မှာလက်ထပ်ပြီးသွားပြီလို့ ကြေညာရင်း အမျိုးသမီးဖြစ်သူရဲ့ ကိုယ်ဝန်သတင်းကိုပါ ကြေညာပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။