တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာဆိုရင် ခင်ပွန်းဖြစ်သူ နာမည်ကြီးမင်းသား Hyun Bin နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google
Google

သူတို့နှစ်ဦးက လက်ထပ်ပြီးတဲ့နောက်မှာ အရမ်းကို ချစ်ကြတဲ့စုံတွဲလေးဖြစ်ပြီး လူတိုင်း အားကျရတဲ့ စုံတွဲလေးဖြစ်ခဲ့ပါတယ်။ Son Ye Jin နဲ့ Hyun Bin တို့က ကိုယ်ဝန်လွယ်ထားရပြီဖြစ်တဲ့အကြောင်းကို ဇွန်လ ၂၇ ရက်နေ့က တရားဝန်ကြေညာခဲ့တာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်းကို ဇွန်လ မှာ တရားဝန်ကြေညာခဲ့ပေမယ့် ကြေညာတဲ့အချိန်မှာ ကိုယ်ဝန်က ၃ လလောက်ခန့်မှန်းချေရှိနေပါပြီ။

Google

အခုဆိုရင် ပြည်သူ့အချစ်တော် မင်းသမီးလေး Son Ye Jin က ကိုယ်ဝန်လွယ်ထားရတာ အချိန်တော်တော်တောင် ကြာနေပြီပဲ ဖြစ်ပါတယ်။ Son Ye Jin ရဲ့ ကိုယ်ဝန်ဆောင်ကာလ ဓာတ်ပုံလေးတွေကလည်း လအလိုက် ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ ဒါကြောင့် Son Ye Jin ရဲ့ လ အလိုက် ကိုယ်ဝန်ဆောင်ကာလ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

မေလ (၂ လ ဝန်းကျင်ပုံရိပ်) - ကိုယ်ဝန်ရှိကြောင်းတရားဝင်မကြေညာခင် ၁ လအလို 

မေလ (၂ လ ဝန်းကျင်ပုံရိပ်) - ကိုယ်ဝန်ရှိကြောင်းတရားဝင်မကြေညာခင် ၁ လအလို

ဒီပုံလေးကတော့ မေလ ကိုယ်ဝန်ရှိကြောင့် မကြေညာခင် တစ်လ အလို မှာတင်ထားတဲ့ ပုံလေးဖြစ်ပါတယ်။ ဂါဝန်အဖြူလေးနဲ့ လှနေတဲ့ Son Ye Jin ရဲ့ ဗိုက်သေးသေးလုံးလုံးပုံရိပ်လေးကိုတွေ့ရမှာဖြစ်ပါတယ်။ 

သြဂုတ်လ - (ကိုယ်ဝန် ၅ လဝန်းကျင်ပုံရိပ်) 

သြဂုတ်လ - (ကိုယ်ဝန် ၅ လဝန်းကျင်ပုံရိပ်)

အခုပုံလေးထဲမှာ ဗိုက်လေးသိသိသာသာ ထွက်လာတဲ့ Son Ye Jin ရဲ့ ပုံရိပ်လေးကို အထင်အရှားတွေ့ရပါတယ်။ ကိုယ်ဝန် ၅ လ ဝန်းကျင်ဖြစ်တာကြောင့် ဗိုက်လေးက လုံးလုံးဝိုင်းဝိုင်းလေးနဲ့ တော်တော်လေး လှနေပါပြီ။ 

အောက်တိုဘာလ - (ကိုယ်ဝန် ၉ လဝန်းကျင်ပုံရိပ်) 

အောက်တိုဘာလ - (ကိုယ်ဝန် ၉ လဝန်းကျင်ပုံရိပ်)

မကြာသေးမီကလည်း ဗိုက်ကလေးနဲ့ ပွဲတက်နေတဲ့ Son Ye Jin ရဲ့ ပုံရိပ်လေးတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။

အောက်တိုဘာလ - (ကိုယ်ဝန် ၉ လဝန်းကျင်ပုံရိပ်)

ဒီပုံလေးထဲမှာတော့ ကိုယ်ဝန်က တော်တော် ရင့်နေပြီဖြစ်တာကြောင့် မေမေဗိုက်ကလေးက တော်တော်ချစ်ဖို့ကောင်းနေပါပြီနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။