တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ဟာဆိုရင် မကြာသေးမီက သူမထက်အသက် ၁၀ နှစ်ငယ်တဲ့အဆိုတော်လေး Kevin Oh နဲ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင် Gong Hyo Jin နဲ့ အဆိုတော် Kevin Oh တို့က တရားဝင်တွဲပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့ကြတာကြောင့် သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းကို စိတ်ဝင်စားနေတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ 

Google

Gong Hyo Jin က အောက်တိုဘာလ ၁၈ ရက်နေ့မှာ သူမရဲ့ သာယာလှပတဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး ကြည်နူးစရာ အခိုက်အတန့်လေးတွေကို ဝေမျှပေးလာခဲ့ပါတယ်။ အခြား မင်းသမီးတွေလိုမျိုးမဟုတ်ဘဲ မမ Gong Hyo Jin က သူမရဲ့ ချစ်ခင်ပွန်းလေးရဲ့ ပုံရိပ်လေးကိုပါ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေမျှထားပြီး ကြည်နူးစရာအခိုက်အတန့်လေးကို ဖော်ပြပေးထားပါတယ်။ 

Instagram 
Instagram 

သူတို့နှစ်ဦးက လက်ရှိမှာ အမေရိကားမှာပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေး ဘဝလေးကိုဖြတ်သန်းနေတာဖြစ်ပါတယ်။ 

Instagram 
Instagram 

Gong Hyo Jin က ခင်ပွန်းဖြစ်သူလေးရဲ့ ပုံလေးအပြင် ၊ မင်္ဂလာဝတ်စုံလေး ၃ စုံရဲ့ပုံရိပ်လေးကိုပါ ဝေမျှပေးထားပါတယ်။ Gong Hyo Jin က မင်္ဂလာပွဲမှာ ကိုင်ထားတဲ့ ပန်းစီးလေးရဲ့ ပုံရိပ်လေးကိုပါဝေမျှပေးထားပါတယ်။

Instagram 
Instagram 

 မင်္ဂလာပွဲကို လျို့ဝှက်ကျင်းပခဲ့ပေမယ့်လည်း ချစ်စရာကောင်းတဲ့ မင်္ဂလာပွဲ ပုံရိပ်လေးတွေကို ကြွားချင်တဲ့ တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ တောင်ကိုရီးယားမင်းသမီး Gong Hyo Jin နဲ့ အဆိုတော် Kevin Oh တို့က Hyun Bin နဲ့ Son Ye Jin တို့စုံတွဲ အပြီးနောက်မှာလူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ ပထမဦးဆုံး နာမည်ကြီး မင်္ဂလာစုံတွဲလေး ဖြစ်လာခဲ့ပါတယ်။

Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။