K-pop အမိုက်စား အယ်လ်ဘမ်သစ် BORN PINK ထွက်ရှိပြီးနောက် BLACKPINK က လေးနှစ်ကြာမှာ စင်ပေါ် တစ်ဖန်ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။

Photo Credit : Popular.com
Photo Credit : Popular.com

BORN PINK လို့ နာမည်ပေးထားတဲ့ အဆိုပါ ဖျော်ဖြေပွဲကို ဥရောပနဲ့ အာရှနိုင်ငံတွေအပြင် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း 12 နိုင်ငံအပါအဝင် ပထမဆုံး ဖျော်ဖြေပွဲကို ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အောက်တိုဘာလ ၁၅ ရက် နဲ့ ၁၆ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

ဖျော်ဖြေပွဲကိုလည်း ပရိသတ်တွေအပြင် နာမည်ကြီး နာမည်ကြီး အမျိုးသား၊ အမျိုးသမီး သရုပ်ဆောင်တွေ ရုပ်ရှင်အဖွဲ့သားတွေနဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ကောင်မလေး ၄ ယောက် လုံးက ပရိသတ်တွေနဲ့ တွေ့တဲ့အခါမှာ အရမ်းကို ပျော်ရွှင်နေကြပြီး ပွဲကျင်းပခဲ့တဲ့ ၂ ရက် မှာ Style အလန်းတွေ နဲ့ ပရိသတ်တွေရဲ့ အသည်းကို သိမ်းပိုက်သွားကြပါတယ်။  

Photo Credit : Popular.com
Photo Credit : Popular.com

Jisoo က “ဒီ Concert ကို Seoul မှာ ကျင်းပရတာ အရမ်းပျော်စရာကောင်းတာပဲ .. ဘာလိုလဲဆိုတော့ ဒီနေရာလေးက ကျွန်မရဲ့ မွေးရပ်မြေဖြစ်နေလို့ပါ။ လာပေးတဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ကို အမြဲအားပေးကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ် BLINK လေးတွေ ကိုလည်း ကျေးဇူးတင်ပါတယ်။” လို့ မျက်ရည်လေး ဝဲပြီး ပရိသတ်တွေ Fan တွေရဲ့ attention ကို သိမ်းပိုက်သွားခဲ့ပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

Jisoo ဟာ မျက်ရည်ကျခဲတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ခံစားရပြီး ဒီဖျော်ဖြေပွဲက သူမအတွက် တကယ်ထူးခြားတယ်လို့လည်း ပြောလို့ရပါတယ်။

Photo Credit : Popular.com
Photo Credit : Popular.com

သတင်းအရင်းမြစ်: Popular.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။