တောင်ကိုရီးယားနာမည်ကျော်စုံတွဲလေးဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့စုံတွဲလေးက မင်္ဂလာပွဲကို အတူမတက်ရောက်ဘဲ တစ်ယောက်ကိုတစ်နေရာစီခွဲသွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ မကြာသေးမီက တောင်ကိုရီးယားမင်းသမီး Son Ye Jin ရဲ့ ကိုယ်ဝန်ရင့်မာနဲ့မင်္ဂလာပွဲတက်နေတဲ့ပုံရိပ်လေးတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့လာပါတယ်။ ဓာတ်ပုံထဲမှာ Son Ye Jin က ဗိုက်တော်တော် ထွက်နေပြီဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့ ကလေး မေမေလေး ဖြစ်နေတာပါ။ Son Ye Jin နဲ့အတူ Hyun Bin ကို လိုက်ရှာခဲ့ကြပေမယ့် Hyun Bin ကို မတွေ့ခဲ့ကြပါဘူး။ 

Google

Hyun Bin က မင်္ဂလာပွဲကို ဇနီးဖြစ်သူနဲ့အတူ မတက်ရောက်နိုင်တဲ့အကြောင်းအရင်းက သူကိုယ်တိုင်လည်း မင်္ဂလာပွဲတက်ရောက်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Google

Hyun Bin က Negotiation ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Lee Jong Seok ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ Lee Jong Seok က Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးကို စုံတွဲအဖြစ် ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။ 

Google

Hyun Bin နဲ့ Son Ye Jin တို့နှစ်ဦးက မင်္ဂလာပွဲကို ခွဲပြီးတက်ရောက် ခဲ့ရတဲ့အကြောင်းအရင်းက ပရိသတ်တွေဆီကနေ အာရုံစိုက်မှု မရချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် နှစ်ဦးသားက အချိန်လည်းကုန် လူလည်း သက်သာစေမယ့် နည်းလေးဖြစ်တဲ့ မင်္ဂလာပွဲကို တစ်ယောက်တစ်ပွဲဆီ ခွဲပြီး တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

Google

နှစ်ဦးသားကို တစ်နေရာဆီခွဲပြီး တွေ့ခဲ့ရပေမယ့်လည်း ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ အချင်းချင်း ချစ်တတ်ပြီး ညှိညှိနှိုင်းနှိုင်းလေး လုပ်တတ်တဲ့ စိတ်ထားလေးကို သဘောကျနေကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။