အသက် ၃၂ နှစ်အရွယ်ရှိတဲ့ တောင်ကိုရီးယားမင်းသမီး Ko Sung-hee ဟာဆိုရင် မကြာသေးမီအချိန်မှာမင်္ဂလာဆောင်တော့မယ်လို့ သိရပါတယ်။ Ko Sung-hee က တွဲနေတယ်ဆိုတဲ့ သတင်းတွေ မထွက်ရှိလားဘဲနဲ့ရုတ်တရက်ကြီး မင်္ဂလာဆောင်တော့မယ့်လို့ သတင်းထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

Google
Google
Google

ဒီအကြောင်းအရာကို အောက်တိုဘာလ ၁၇ ရက်နေ့က JTBC ကနေ ကြေညာခဲ့တာဖြစ်ပါတယ်။ Ko Sung-hee ကရှေ့လမှာ အနုပညာလောကထဲက မဟုတ်တဲ့သူနဲ့ လက်ထပ်တော့မှာဖြစ်တယ်လို့ သိရပြီး လက်ရှိမှာ မင်္ဂလာပွဲအတွက်ပြင်ဆင်နေပြီလို့ သိရပါတယ်။ သူတို့နှစ်ဦးက အချစ်နဲ့ယုံကြည်မှုနဲ့အတူ တည်ဆောက်ထားတဲ့သူတွေလို့သိရပြီး  လက်ရှိအချိန်မှာလည်း အဆင်ပြေပြေရှိကြတယ်လို့ သိရပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်သမီး Ko Sung-hee က ၁၉၉၀ ခုနှစ်မှာမွေးဖွားခဲ့တဲ့သူဖြစ်တာကြောင့် သူမရဲ့ လက်ရှိအသက်က ၃၂ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ သူမက ၂၀၁၃ ခုနှစ်မှာ An Ethics Lesson ဆိုတဲ့ဇာတ်လမ်းနဲ့ ပွဲဦးထွက်ခဲ့ပြီးပရိသတ်တွေများစွာရဲ့ အားပေးခြင်းကို ရရှိခဲ့ပါတယ်။ Ko Sung-hee က လက်ရှိမှာ Gaus Electronics မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။