တောင်ကိုရီးယားမင်းသမီး Uhm Ji Won ဟာဆိုရင် မကြာသေးမီက Little Women ဇာတ်လမ်းတွဲထဲမှာ ပရိသတ်ပေါင်းများစွာရဲ့ မေတ္တာပို့သခြင်းကို ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ Uhm Ji Won က ၁၉၉၀ ခုနှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိခဲ့တဲ့သူဖြစ်ပြီး ဇာတ်လမ်းတွဲပေါင်းများစွာမှာ သရုပ်ဆောင်ဖူးတဲ့သူဖြစ်ပါတယ်။သရုပ်ဆောင်အရမ်းကောင်းတဲ့ Uhm Ji Won ဟာ လက်တွေ့ဘဝမှာ စိတ်သဘောထားဖြူစင်ပြီး ပျော်တတ်တဲ့သူဖြစ်ပေမယ့် ဇာတ်ကောင်ထဲမှာ သွေးအေးရက်စက်တဲ့ ဗီလိန်အဖြစ် သရုပ်ဆောင်ခဲ့ရတာကြောင့် သူမကို လူတော်တော်များများက မုန်းတီးကြပါတယ်။



Uhm Ji Won က တစ်သက်မှာ တစ်ယောက်နဲ့သာတွဲခဲ့ပြီး တစ်ယောက်နဲ့သာလက်ထက်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူနဲ့၂၀၁၄ ခုနှစ်မှာ လက်ထပ်ပြီး ၂၀၂၁ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ အိမ်ထောင်ရေးကံမကောင်းတဲ့ မင်းသမီးကြီးUhm Ji Won လက်ထပ်ပြီး ၇ နှစ်အကြာမှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီး သားသားမီးမီးလေးတွေလည်း မမွေးခဲ့ပါဘူး။


Uhm Ji Won က ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူကို နည်းနည်းမှ အပြစ်မတင်ခဲ့ဘဲ ပြဿနာအားလုံးကို နှစ်ဦးနှစ်ဖက်ကြောင့်လို့သာ ထုတ်ဖော်ပြောကြားခဲ့တဲ့သူဖြစ်ပါတယ်။


စိတ်ထားကောင်းတဲ့မင်းသမီးကြီး Uhm Ji Won ဟာဆိုရင် လက်ရှိအချိန်အထိ သူမဘဝကို အလှပဆုံး အပျော်ရွှင်ဆုံးဖြစ်အောင် နေထိုင်နေဆဲပဲဖြစ်ပါတယ်။ Uhm Ji Won က လက်ရှိမှာ အသက် ၄၄ နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ ဗီလိန်ဇာတ်ကောင်အဖြစ်ပရိသတ်တွေကြားမှာနာမည်ကြီးတဲ့ တောင်ကိုရီးယားမင်းသမီး Uhm Ji Won ရဲ့ သနားဖို့ကောင်းတဲ့ အပြင်လက်တွေ့ဘဝက အခြေအနေအကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။