အွန်စောလို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသမီး Song Hye Kyo  ဟာဆိုရင် အသက်ငယ်ငယ်လေးကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ Song Hye Kyo  က အသက် ၁၄ နှစ်အရွယ် ၁၉၉၆ ခုနှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိခဲ့တဲ့သူဖြစ်တာကြောင့် ငယ်ငယ်ကတည်းက အနုပညာ အလုပ်တွေနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ အနုပညာလောကထဲကို ဘဝကြီးတစ်ခုလုံးပုံအပ်ပြီး ရဲရဲကြီး ပစ်ဝင်ခဲ့တဲ့Song Hye Kyo ဟာ သူမနဲ့အတူ ဇာတ်လမ်းတွဲရိုက်ခဲ့တဲ့ မင်းသမီးတွေနဲ့ပဲ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ 

Google

Song Hye Kyo  တွဲခဲ့တဲ့ မင်းသားတွေကို ပြန်ကြည့်ရရင် သူမနဲ့ ပထမဦးဆုံးတွဲခဲ့တဲ့ မင်းသားက ချစ်စံအိမ်ဇာတ်လမ်းထဲမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kim Sung Soo ပဲဖြစ်ပါတယ်။

Google

 သူတို့နှစ်ဦးက ချစ်စံအိမ်ဇာတ်လမ်းထဲမှာ မပေါင်းခဲ့ရပေမယ့် အရမ်းကိုလိုက်ဖက်လွန်းရှိတဲ့စုံတွဲဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက အပြင်မှာပါ တွဲနေကြပြီလို့ သတင်းတွေ ထွက်ရှိခဲ့ပေမယ့် နှစ်ဦးနှစ်ဖက် ပြန်လည်ဖြေရှင်းထားခြင်း မရှိခဲ့ပါဘူး။

Google

 တောင်ကိုရီးယားမင်းသား Sung Soo က Song Hye Kyo  ကို ချစ်ပြီး တန်ဖိုးထားတဲ့သူဖြစ်ပြီး တစ်ဖက်သက် သဘောကျနေခဲ့တယ်ဆိုတာ မျက်လုံးတွေက ပေါ်နေခဲ့တာဖြစ်ပါတယ်။

 တောင်ကိုရီးယားမင်းသား Sung Soo က အသက်ကြီးမှအနုပညာလောကထဲကို ဝင်လာခဲ့ရတဲ့သူဖြစ်တာကြောင့် ခေတ်ပြိုင်မင်းသားတွေနဲ့ယှဉ်ရင် အရမ်းကို သိမ်ငယ်ခဲ့ရတဲ့သူဖြစ်ပါတယ်။ Sung Soo က ဆောင်းဟေကိုကိုကြည့်တဲ့အကြည့်က ဒီမိန်းကလေးကို တန်ဖိုးထားပြီး ဒီမိန်းကလေးကိုပဲ လက်ထပ်သွားချင်တဲ့ဆိုတဲ့ အကြည့်ဖြစ်ပါတယ်။

Google

 သူတို့နှစ်ဦးသားက ဘယ်အချိန်လောက်မှာ ကွဲခဲ့လဲဆိုတာ မသိပေမယ့် လိုက်ဖက်လွန်းခဲ့တဲ့ စုံတွဲလေးဖြစ်ခဲ့တာတော့ အမှန်ပဲ ဖြစ်ပါတယ်။ Song Hye Kyo နဲ့Sung Soo တို့က အသက် ၉ နှစ်တိတိကွာပြီး မင်းသား Sung Soo က Song Hye Kyo ထက် အသက် ၉ နှစ်တိတိကြီးပါတယ်။ 

Google

ပိုပြီးထူးခြားတာက မင်းသားကြီး Sung Soo က ၄၉ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ လက်မထပ်ရသေးပါဘူး။ သူတို့နှစ်ဦးသာလက်ထပ်ခဲ့ရင် အခုအချိန်မှာ သာယာလှပတဲ့ အိမ်ထောင်ရေးလေးတစ်ခု ရရှိကောင်းရရှိနိုင်ပါတယ်။ 

Google
Google

မမ Song Hye Kyo   က Song Joong Ki နဲ့ လက်မထပ်ခင်မှာ တွဲခဲ့တဲ့ မင်းသားတွေအများကြီးရှိခဲ့ပါသေးတယ်။ သူတို့တွေက Sung Soo အပါအဝင် ၊ Hyun Bin (2010 - 2011) နဲ့ Lee Byung-hun (2003 - 2004) တို့ပဲဖြစ်ပါတယ်။ Song Hye Kyo က အချစ်ဦးမဟုတ်တဲ့ အချစ်ဆုံးနဲ့ ပျော်ပျော်ရွှင်ရွှင် လက်ထပ်ခဲ့ပေမယ့်လည်းလက်ထပ်ပြီး ၂ နှစ်အကြာမှာပဲကွာရှင်းခဲ့ရပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။