တောင်ကိုရီးယားမင်းသားကြီး Lee Dong Wook ဟာဆိုရင် အသက် ၄၀ ကျော်အရွယ်ဖြစ်ပေမယ့် လက်ရှိအချိန်အထိ လက်မထပ်သေးဘဲ တစ်ကိုယ်တည်းဘဝနဲ့ နေထိုင်နေတာဖြစ်ပါတယ်။ 

Google 

Lee Dong Wook က မင်းသမီးပေါင်းများစွာနဲ့ အတွဲညီသရုပ်ဆောင်နိုင်တာကြောင့် ရုပ်ရှင်တစ်ကားပြီးတိုင်း တွဲရိုက်တဲ့ မင်းသမီးနဲ့ Dating Rumours ထွက်တဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်အရမ်းကောင်းတဲ့ မင်းသားကြီးနဲပရိသတ်တွေသဘောအတူခဲ့ဆုံး မင်းသမီးကတော့ Goblin ဇာတ်လမ်းမှာ အတွဲညီညီ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Yoo In-Na  နဲ့ပဲဖြစ်ပါတယ်။ သူတို့ နှစ်ဦးက ဇာတ်လမ်းထဲမှာ ကြွရွနေအောင် လိုက်ဖက်မှုရှိလွန်းတာကြောင့် ပရိသတ်တွေက အပြင်မှာပါ တကယ်ကြီး တွဲစေချင်ခဲ့ကြတာပါ။ 

Google

Yoo In-Na  ကိုယ်တိုင်ကလည်း သူမ သရုပ်ဆောင်တဲ့ အနုပညာသက်တမ်း တစ်လျောက်မှာ Dong-Wook လိုသရုပ်ဆောင်မျိုးနဲ့ တစ်ခါမှ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။ Yoo In-Na  အတွက်တော့ Dong-Wook က အခြားသူတွေနဲ့မတူတဲ့ထူးခြားတဲ့သူတစ်ယောက်ဖြစ်နေတာကြောင့် ပရိသတ်တွေက သူတို့နှစ်ဦးကိုတွဲလိုက်ကြပါတော့လို့ ပြောရလောက်တဲ့အထိ အားမရဖြစ်ခဲ့ကြပါတယ်။ 

Google
Google
Google 
Google
Google

ဒါပေမယ့်လည်း Yoo In-Na နဲ့ Lee Dong-Wook တို့က ဇာတ်လမ်းထဲမှာကလွဲလို့ အပြင်မှာ လုံးဝ မတွဲခဲ့ကြပါဘူး။ဒါကြောင့် ပရိသတ်တွေ ဖြစ်စေချင်တဲ့ Yoo In-Na နဲ့ Lee Dong-Wook တို့နှစ်ဦး တွဲနေတယ်ဆိုတဲ့ သတင်းကကောလာဟလအဖြစ်နဲ့သာ ရှိခဲ့ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။