သရုပ်ဆောင်ဘေဘီမောင်ဟာဆိုရင် လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ အနုပညာလောကမှာ ခိုင်မာတဲ့နေရာတစ်ခုကို ရရှိထားတဲ့သူဖြစ်ပါတယ်။ ဘေဘီမောင်က ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းမွန်လွန်းတဲ့သူဖြစ်တာကြောင့် ပရိသတ်ပေါင်များစွာရဲ့ အချစ်ကို ရရှိထားတဲ့သူဖြစ်ပါတယ်။ သရုပ်ဆောင်ဘေဘီမောင်ကအဆိုတော် သားဂန်းနဲ့ လက်ထပ်ထားပြီးပျော်ရွှင်စရာ အိမ်ထောင်ရေးလေးကို ရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်။မကြာသေးမီက မေမေဘေဘီမောင်က သူမရဲ့ သမီးဦးလေးကို ကျန်းကျန်းမာမာနဲ့မွေးဖွားခဲ့ပါတယ်။ 

Baby Maung’s Facebook
Baby Maung’s Facebook

မင်းသမီးတွေတော်တော်များများက အလှပျက်မှာဆိုးတာကြောင့် ကလေးမွေးပြီးရင် မိခင်နို့မတိုက်ကြပါဘူး။ နို့ဘူးသာတိုက်ကြပါတယ်။ မေမေ ဘေဘီမောင်ကတော့ သမီးလေးကို ချစ်လွန်းတာကြောင့် နို့ဘူးမတိုက်ဘဲ မိခင်နို့ရည်စစ်စစ် တိုက်ကျွေးတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဓာတ်ပုံလေးနဲ့တကွ ဖော်ပြပေးလာခဲ့ပါတယ်။ 

Baby Maung’s Facebook

ဓာတ်ပုံထဲမှာ မိခင်နို့ရည်ကို အားရပါးရသောက်နေတဲ့ မေမေဘေဘီမောင်ရဲ့ ချစ်စရာသမီးချောလေးကို ကြည်နူးစရာလေး တွေ့ရပါတယ်။

Baby Maung’s Facebook
Baby Maung’s Facebook

 မေမေ​ဘေဘီမောင်က သမီးလေးကို နို့ချိုတိုက်ကျွေးရတာကဘဝမှာ အကြည်နူးဆုံးအမောအပြေဆုံး အခိုက်အတန့်လေး ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ သမီးလေးကို တုန်နေအောင်ချစ်တဲ့မေမေဘေဘေီမောင်ရဲ့ ပုံရိပ်လေးကို ကြည်နူးစရာလေးဖော်ပြပေးလိုက်ပါတယ်။ 

Baby Maung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။