တောင်ကိုရီးယားမင်းသမီး Choo Ja Hyun ဟာဆိုရင် ၁၉၇၉ ခုနှစ်မှာ သာမန်မိသားစုလေးကနေ မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ ပြစ်မျိုးမဲ့မထင်ချောမောလှပလွန်းတဲ့ မင်းသမီး Choo Ja Hyun ဟာ မကြာသေးမီက Little Women ဇာတ်လမ်းမှာ ဟွာရောင်းအဖြစ်ပါဝင်ခဲ့ပါသေးတယ်။ Choo Ja Hyun က ရုပ်ရည်ချောမောလွန်းပေမယ့် မိဘတွေက သူမကြောင့် ကွာရှင်းခဲ့ရတဲ့အထိ ဖြစ်ခဲ့ဖူးသူဖြစ်ပါတယ်။ Choo Ja Hyun ရဲ့ဖခင်ကြီးက သူမတို့ ညီအစ်မနှစ်ယောက် အရမ်းငယ်သေးတဲ့အချိန်မှာ မိခင်ကြီးနဲ့ ကွာရှင်းခဲ့ပြီး နောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့ပါတယ်။ 

Google 

Choo Ja Hyun ရဲ့ ဖခင်ကြီးဘက်က အဘိုးအဘွားတွေက သမီးမိန်းကလေးမွေးဖွားလာတာမျိုးကို မကြိုက်နှစ်ကြဘဲ သားယောကျာ်းကိုသာ ဦးစားပေးကြတဲ့သူတွေဖြစ်ကြတယ်လို့ သိရပါတယ်။ Choo Ja Hyun တို့ ညီအစ်မနှစ်ယောက်လုံးက မိန်းကလေးတွေဖြစ်နေတာကြောင့် အဘိုး၊အဘွားတွေဘက်ကအချစ်မခံရတဲ့အပြင် ဖခင်ကြီးကိုယ်တိုင်ကပါ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ 

Google 

Choo Ja Hyun တို့က ညီအစ်မ နှစ်ယောက်ရှိပေမယ့်လည်း Choo Ja Hyun ရဲ့ညီမလေးက ရေထဲပြုတ်ကျခဲ့ပြီးသေဆုံးခဲ့ပါတယ်။ Choo Ja Hyun ဆုံးပါးသွားခဲ့ပြီးနောက်မှာ မိခင်ကြီးက ညီမဖြစ်သူသေဆုံးရတာ Choo Ja Hyun ကြောင့်လို့ဆိုကာပြင်းပြင်းထန်ထန် အပြစ်တင်ခဲ့ပြီး ညီမဖြစ်သူအစား Choo Ja Hyun ကသေသွားသင့်တဲ့သူဆိုပြီး အမြဲကြိမ်းမောင်းတယ်လို့ သိရပါတယ်။ 

Google 

Choo Ja Hyun က စိတ်ဒုက္ခတွေအမြဲပေးတတ်တဲ့ မိသားစုကနေ ဝေးတဲ့တစ်နေရာဖြစ်တဲ့ တရုတ်ပြည်ကိုတစ်ယောက်တည်းထွက်ခဲ့ပြီး သူငယ်ချင်းအပေါင်းအသင်း မိသားစုမရှိဘဲ တစ်ယောက်တည်းရှင်သန်ခဲ့ပါတယ်။Choo Ja Hyun က တရုတ်ပြည်နဲ့ထိုင်ဝမ်မှာ အနုပညာအလုပ်တွေလုပ်ခဲ့ပြီး အမိမြေကိုရီးယားနိုင်ငံမှာ အခြေချဖို့အတွက် ၂၀၀၆ ခုနှစ်မှာ ပြန်လာတဲ့အခါမှာ ကြိုဆိုမယ့်သူတစ်ယောက်မှ မရှိဘူးလို့ ဝမ်းနည်းစွာဖွင့်ဟဝန်ခံခဲ့ပါတယ်။ 

Google 

Choo Ja Hyun က ဘယ်သူမှ မရှိတဲ့အိမ်ကြီးမှာ တစ်ယောက်တည်း ဆိုဖာပေါ်မှာ အချိန် ၁ နာရီလောက်မျက်ရည်တွေနဲ့ ဘာမှ မလုပ်ဘဲ ငေးငိုင်နေခဲ့တယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။ Choo Ja Hyun ပြောပြတဲ့ပုံစံက မျက်လုံးထဲမြင်လာတဲ့အထိကို စိတ်မကောင်းဖို့ကောင်းလွန်းလို့ ပရိသတ်တွေပါလိုက်ပြီး ငိုခဲ့ရပါတယ်။ 

Google 

မိဘတွေဆီကနေ မေတ္တာတွေမရခဲ့တဲ့ Choo Ja Hyun ဟာဆိုရင် လက်ရှိမှာ တရုတ်ပြည်က သရုပ်ဆောင်ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်ခဲ့ပြီး ရင်သွေးလေးတစ်ယောက်ကိုရရှိပိုင်ဆိုင်ထားပါတယ်။

Google 
Google 
Google 

ဟွာရောင်း လို့လူသိများတဲ့မင်းသမီး Choo Ja Hyun ရဲ့စိတ်မကောင်းစရာဖြစ်ရပ်လေးကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။

Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။