တောင်ကိုရီးယားမင်းသမီး Shin Se Kyung ဟာဆိုရင် အသက် ၄ နှစ်အရွယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။ 

Google

Shin Se Kyung  က ချစ်ဖို့ကောင်းပြီး ပါးဖောင်းဖောင်းလေးကိုပိုင်ဆိုင်ထားတာကြောင့် ကလေးသရုပ်ဆောင်ကတည်းက ပရိသတ်တွေက သူမကို အရမ်းချစ်ကြပါတယ်။ Shin Se Kyung  က ကလေးပရိုဂရမ်တွေများစွာမှာပါဝင်ခဲ့ပြီး ကလေးဝတ်စုံဖက်ရှင်ပွဲတွေအတွက်လည်း မကြာခဏ ငှါးရမ်းခြင်းခံခဲ့ရပါတယ်။ 

Google

အသက် ၈ နှစ်အရွယ်မှာ Shin Se Kyung  က ပရိသတ်တွေကို အံ့ဩသွားလောက်တဲ့အထိ အနုပညာစွမ်းရည်တွေကို ရိုက်ကူးရေးမှာ ပြသနိုင်ခဲ့ပါတယ်။ အသက် ၄ နှစ်အရွယ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိနေခဲ့တဲ့Shin Se Kyung  ဟာ သူမရဲ့ အသက်အပိုင်းအခြားတိုင်းကို ပရိသတ်တွေက မြင်တွေ့ခဲ့ရပါတယ်။ အာရှတခွင်မှာလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Shin Se Kyung  ဟာ အရွယ်ရောက်လာတဲ့အချိန်မှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ခဲ့ပါတယ်။ 

Google

Shin Se Kyung  ကို ဝေဖန်တိုက်ခိုက်မှုတွေဟာ High Kick 2 မှာစတင်ခဲ့ပါတယ်။ Shin Se Kyung က ဇာတ်လမ်းရဲ့ဇာတ်သိမ်းပိုင်းကို သူမဖြစ်စေချင်တဲ့အတိုင်း ဇာတ်ညွှန်းရေးသမားကို ပြင်ခိုင်းပြီး အဓိက ဇာတ်ကောင်နှစ်ယောက်ကို သေစေခဲ့တယ်ဆိုတဲ့ အကြောင်းအရာက ပရိသတ်တွေကို တားဆီးလို့မရနိုင်တဲ့ ဝေဖန်တိုက်ခိုက်ခြင်းတွေဖြစ်စေခဲ့ပါတယ်။ 

Google

Shin Se Kyung က High Kick 2 ပြီးသွားတဲ့အချိန်မှာ ဇာတ်လမ်းပေါင်းများစွာမှာ ပါဝင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့အချစ်ကို မခံရဘဲ ဝေဖန်တိုက်ခိုက်မှုတွေကိုသာခံခဲ့ရပါတယ်။ Shin Se Kyung  ရဲ့မျက်နှာက အသက်မဝင်တာကြောင့် ဘယ်ဇာတ်လမ်းတွဲ ရိုက်ရိုက် ပျက်စီးသွားမှာပဲဆိုတဲ့အထိ ဝေဖန်ခဲ့ပြီး သရုပ်ဆောင်လောကကနေနှုတ်ထွက်ခိုင်းခဲ့တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ 

Google

Shin Se Kyung  ဟာ ဝေဖန်တိုက်ခိုက်မှုတွေကြားမှာ အတတ်နိုင်ဆုံးပြန်ပြီး ကြိုးစားပေမယ့် ဘယ်ဇာတ်လမ်းတွဲရိုက်ရိုက် ဝေဖန်မှုကြီးပဲခံရတာကြောင့် သာမန်စိတ်ပျော့တဲ့သူဆို အဆုံးစီရင်တဲ့အထိကို လဲကျသွားမှာပါ။ 

Google

 Shin Se Kyung  ကတော့အရှုံးမပေးဘဲ သူမကိုယ်သူမ သက်သေပြတဲ့အနေနဲ့ YouTuber Channel လေးထောင်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ 

Google

သူမရဲ့ မှန်ကန်တဲ့ ကြိုးစားမှုလေးကြောင့် YouTube မှာsubscribers  1.35 million အထိရှိတဲ့ ပရိသတ်ပမာဏကို ရရှိခဲ့ပါတယ်။ Shin Se Kyung က လက်ရှိမှာ Arthdal Chronicles 2 ဇာတ်လမ်းတွဲ ရိုက်ကူးလျက်ရှိပါတယ်။  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။