တောင်ကိုရီယားမင်းသား So Ji Sub  ဟာဆိုရင် သူ့ဘဝရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီး You Quiz on the Block အစီအစဉ်မှာဖြေဆိုခဲ့ပါတယ်။ 

Google

So Ji Sub က တောင်ကိုရီးယားမင်းသား Hyun Bin နဲ့ ဂျွန်စောမင်းသားကြီး Song Seung Heon တို့နဲ့အတူပွဲဦးထွက်လာတဲ့သူဖြစ်တာကြောင့် မျက်ရစ်မပါတဲ့သူအဖြစ် အဆိုပါမင်းသားတွေနဲ့ယှဉ်ရင် အရမ်းအနှိမ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

Google

So Ji Sub ရုပ်မချောတဲ့အပြင် မျက်ရစ်လည်းမရှိတာကြောင့် သရုပ်ဆောင်ပြိုင်ပွဲမှာ “မင်းသား မဖြစ်လာနိုင်ဘူး “ “မင်းကသရုပ်ဆောင်လုံးဝ မဖြစ်လာနိုင်ဘူး” ဆိုပြီး အပြောခံခဲ့ရတယ်လို့ သိရပါတယ်။

Google
Google
Google

သရုပ်ဆောင်အဖြစ်ပွဲဦးထွက်လာစဉ်မှာလည်း မျက်နှာကို ယုံကြည်မှုမရှိလွန်းတာကြောင့် အဆင်မပြေဖြစ်ခဲ့ရတယ်လို့ So Ji Sub ကဆိုပါတယ်။ အဆင်မပြေမှုတွေ များပေမယ့်လည်း So Ji Sub ရဲ့ ပန်းတိုင်က ပိုက်ဆံရှာဖို့ဖြစ်တာကြောင့် မိသားစုအတွက် ကြိုးစားဖို့ရည်ရွယ်ချက်နဲ့ အားတင်းရင်းကြိုးစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ် ။ 

Google

ခေတ်ပြိုင်မင်းသားတွေနဲ့ ယှဉ်ရင်အမြဲလိုလို အနှိမ်ခံခဲ့ရတဲ့ မင်းသားကြီး So Ji Sub ဟာ လက်ရှိအချိန်မှာတော့အောင်မြင်တဲ့သူအဖြစ် နေရာတစ်နေရာမှာ ရပ်တည်နေပါပြီ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။