တောင်ကိုရီးယားမင်းသား Ji Chang-wook နဲ့ Kim Ji-won တို့ဟာဆိုရင် Lovestruck in the City ဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ရင်း ဇာတ်လမ်းထဲမှာ အရမ်းအသက်ဝင်နေတာကြောင့် တွဲနေကြတာလားလို့ အထင်ခံခဲ့ရတဲ့သရုပ်ဆောင်နှစ်ဦးဖြစ်ပါတယ်။ 

Google
Google

Ji Chang-wook နဲ့ Kim Ji-won တို့ ကLovestruck in the City မှာ ၂၀၂၀ ခုနှစ်တုန်းကပါဝင်သရုပ်ဆောင်ခဲ့ရင်းကြည်နူးစရာ အချစ်ဇာတ်လမ်းလေးတွေ ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။  ဇာတ်လမ်းထဲမှာ Ji Chang-wook နဲ့ Kim Ji-won တို့က အရမ်းကိုရင်းနှီးနေပြီး သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုက ပရိသတ်တွေကိုတောင် စိတ်လှုပ်ရှားသွားစေခဲ့ပါတယ်။ 

Google
Google

Ji Chang-wook နဲ့ Kim Ji-won တို့နှစ်ဦးက ဇာတ်လမ်းထဲမှာ အနမ်းပေါင်းများစွာ ပေးခဲ့ကြပြီး ၊ skinship တွေလည်းလုပ်ခဲ့ကြပါတယ်။ ဒီလိုဇာတ်ဝင်ခန်းမျိုးက တစ်ခါနှစ်ခါတွေ့ဖူးခဲ့ရုံရင်းနှီးရုံလောက်နဲ့ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ မလွယ်ပါဘူး။ 

Google

Lovestruck in the City ဇာတ်လမ်းမှာ ဒါရိုက်တာ Park Shin-woo  ကိုယ်တိုင်က သရုပ်ဆောင်နှစ်ဦးကို မလိုက်ဖက်မှာ စိုးရိမ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်းတကယ်ရိုက်ကြည့်လိုက်တဲ့အချိန်မှာ နှစ်ဦးသားကအရမ်းရင်းနှီးနေပြီး တကယ့်အတွဲတွေလိုမျိုး ဖြစ်နေပါတယ်။ အနမ်းခန်းတွေကလည်း အရမ်းအသက်ဝင်နေတာကြောင့် သူတို့နှစ်ဦးကိုတွဲနေကြပြီလို့တောင် ပရိသတ်တွေက မေးခွန်းထုတ်ထားကြပါတယ်။ 

Google
Gogole

ဇာတ်ကောင်နေရာအရမ်းအသက်ဝင်လွန်းတာကြောင့် တွဲနေပြီလားလို့ အထင်ခံရတဲ့ တောင်ကိုရီးယားမင်းသား Ji Chang-wook နဲ့ Kim Ji-won တို့ အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။