ထိုင်းနိုင်ငံမှာ သိပ်မကြာခင်က လူအများအံ့အားသင့်ခဲ့ရတဲ့ ထူးခြားဆန်းကျယ်တဲ့ ကျောက်တုံးတစ်ခုကို ရှာတွေ့ခဲ့ဖူးပါတယ်။ အဲ့ဒီကျောက်တုံးက  ဘူန်ကန်ပြည်နယ်၊ ဘူန်ခေါင်လုံခရိုင်အတွင်း၊  ဖူလန်ကာ အမျိုးသားဥယျာဉ်ထဲမှာရှိတဲ့ နာကာ လှိုဏ်ဂူထဲမှာ တွေ့ရှိခဲ့တာပါ။ ဒီကျောက်တုံးကြီးတွေကို စတွေ့တုန်းက တော်တော်လေးလေးကို အံ့အားသင့်ခဲ့ရပါတယ်။

ဘယ်ဖြစ်လို့လဲဆိုတော့ ကျောက်တုံးကြီးက ဧရာမမြွေကြီးတစ်ကောင်နဲ့ ပုံသဏ္ဍာန် ဆင်တူနေလို့ပါပဲ။ တောင်စောင်းမှာ ထိုးထွက်နေတဲ့ ကျောက်တုံးရဲ့ပုံစံက မြွေကြီးတစ်ကောင်ရဲ့ ဦးခေါင်းနဲ့ဆင်တူသလို ကျောက်တုံးရဲ့ အချို့ နေရာတွေမှာလည်း အရေခွံပုံစံမျိုး သဘာဝအတိုင်း ဖြစ်ပေါ်နေတာပါ။

Photo Credit – From Google

ကျွန်တော်အထင်ဆို မြွေကြီးဟာ ကျိန်စာသင့်ခဲ့ပြီး ကျောက်တုံးကြီး ဖြစ်သွားခဲ့တာနေမှာပါ။ ဒေသခံတွေကတော့ ဒီကျောက်တုံးဟာ ကျိန်စာသင့်ခဲ့တဲ့ ဘုရင် Ulu နှင့် ဆက်စပ်နေတာဖြစ်ပြီး တစ်နေ့မှာ ကျောက်တုံးကနေ မြွေ ၊မြွေကနေ လူဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်။

Photo Credit – From Google

ဒီမြွေကျောက်တုံးကြီးနှင့် ပတ်သက်တဲ့  အဲ့ဒီဒေသရဲ့ ဒဏ္ဍာရီတွေအရဆိုရင် ဘုရင်နှစ်ပါးက ထိုင်းအရှေ့မြောက်ပိုင်းနှင့် လာအိုနိုင်ငံရှိ မဲခေါင်မြစ် နယ်နိမိတ်ကို ဖြတ်ကျော်ပြီး မဲခေါင်နှင့် အနီးအနားရှိ နန်းမြစ်ကို ဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်။ ဒီနေ့ခေတ်မှာတော့ ဒီဒေသက Phu Langka အမျိုးသားဥယျာဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

Photo Credit – From Google

အမျိုးသားဥယျာဉ်မှာ တောင်သုံးလုံးပါဝင်သလို မဲခေါင်မြစ်ကလည်း အနီးမှာရှိပါတယ်။ နှစ်စဉ် နာကာ လှိုဏ်ဂူရှိရာကို ခရီးသွားအများအပြား လာရောက်ကြပြီး မြွေကျောက်တုံးကြီးကို စိတ်ဝင်တစားနဲ့ လေ့လာကြည့်ရှုကြပါတယ်။ အရင်က ဘယ်လိုဒဏ္ဍာရီတွေရှိနေပါစေ သေချာတာတစ်ခုကတော့ ဒီကျောက်တုံးကြီး တကယ့်ကို ထူးဆန်းနေတာပါပဲ။ သင်တို့ရော ဒီကျောက်တုံးကြီးနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ကြလဲ....။

Photo Credit – From Google

သတင်းအရင်းမြစ်: Source - hindiaspirants

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။