f(x) အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ တောင်ကိုရီးယား အဆိုတော်သရုပ်ဆောင် ဆူလီဟာဆိုရင် ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကွယ်လွန်သွားတာ ၃ နှစ်ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဆူလီက ၂၀၁၉ ခုနှစ်မှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်တယ်လို့ရှာဖွေတွေ့ရှိခဲ့ပြီး မကွယ်လွန်ခင်အချိန်မှာ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့သလို အခြား လှုပ်ရှားမှု တွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ 

Google

ဆူလီက သူမရဲ့ခံစားချက်တွေကို မှတ်စုစာအုပ်လေးထဲမှာ အမြဲလိုလို ချရေးလေ့ရှိပြီး ကွယ်လွန်ပြီးနောက်မှာ သူမရဲ့ မှတ်စုစာအုပ်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆူလီရဲ့မှတ်စုစာအုပ် အသေစိတ်ကို ချပြဖို့အတွက် ငြင်းဆန်ခဲ့ပါတယ်။ ဆူလီက ကလေးဘဝကတည်းက ကြောက်စိတ်မွှန်တဲ့ရောဂါကို ခံစားနေခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Google
Google 

ဆူလီက မကွယ်လွန်ခင်အချိန်အထိ အနုပညာအလုပ်တွေကို ဆက်ပြီးလုပ်နေခဲ့တာကြောင့် ဘယ်သူကမှ သူမ သေကြောင်းကြံစည်မယ်ဆိုတာကို မသိကြပါဘူး။ ဒီကနေ့မှာဆိုရင် အလှနတ်သမီးလေး ဆူလီ လူလောကကနေ ထွက်သွားခဲ့တာ ၃ နှစ်တင်းတင်း ပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ 

Google 

ဆူလီက ၂၀၀၅ ခုနှစ်မှာ ကလေးသရုပ်ဆောင်အဖြစ်တဲ့ SBS ရုပ်သံလိုင်းမှာထုတ်လွှင့်ခဲ့တဲ့ Song of the Prince ဒရမ်မာမှာ ပါဝင်ရင်း ပွဲဦးထွက်ပါဝင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၀၉ခုနှစ်မှာ f (x) အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပြီး သူမရဲ့ အသက်မွေးဝမ်းကြောင်းကို ထပ်မံချဲ့ထွင်ခဲ့ပါတယ်။

Google

ပရိသတ်တွေများစွာရဲ့ အချစ်တွေကို ရရှိခဲ့တဲ့ အသည်းကျော်လေးက ဘာလို့ အခုလို ဆုံးဖြတ်ချက်ကို ရက်ရက်စက်စက်လုပ်ခဲ့ရတာလဲဆိုတာကတော့ အဖြေရှာမရတဲ့ ပဟေဠိတစ်ပုဒ်အဖြစ် ရှိနေတုန်းပဲဖြစ်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။