တောင်ကိုရီးယားမင်းသမီး ပတ်မင်ယောင်းရဲ့ရည်းစားဟောင်းဖြစ်တဲ့ စီအီးအိုကန်ဂျွန်ဟွန်းဟာဆိုရင် သူ့ချစ်ရတဲ့ကောင်မလေးဘဝကို မဖျက်စီးချင်တာကြောင့် ပတ်မင်ယောင်းနဲ့လမ်းခွဲခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ စီအီးအိုကန်ဂျွန်ဟွန်းနဲ့ပတ်မင်ယောင်းတို့က တစ်ရက်သာတွဲနေကြတယ်ဆိုတဲ့သတင်းထွက်ပြီး လမ်းခွဲခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက လူများစွာဆီကနေ မကောင်းတဲ့ဖိအားတွေရရှိခဲ့ပြီးနောက်မှာ ဆက်ဆံရေးကိုဆက်ပြီး မထိန်းထားနိုင်ဘဲ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

Google

ဒီအကြောင်းအရာကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ပတ်မင်ယောင်းရဲ့ ရည်းစားဟောင်း စီအီးအို ကန်ဂျွန်ဟွန်းက ပထမဦးဆုံးအကြိမ် အဖြစ် ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ကန်ဂျွန်ဟွန်းက သူနဲ့ချစ်သူကောင်မလေးတို့ လမ်းခွဲခဲ့ရတဲ့အကြောင်းအရင်းက လူတွေရဲ့မကောင်းတဲ့မှတ်ချက်တွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ပတ်မင်ယောင်းအနေနဲ့ မကောင်းတဲ့မှတ်ချက်တွေအဆက်မပျက်ရလာခဲ့တာကြောင့် သူမရဲ့ အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်မိမှာဆိုးတာကြောင့် လမ်းခွဲပေးခဲ့တာဖြစ်ကြောင့် ထပ်မံပြောခဲ့ပါသေးတယ်။ 

Google

နှစ်ဦးသားတွဲနေတဲ့ဓာတ်ပုံတွေက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာတာနဲ့တစ်ပြိုင်နက် နှစ်ဦးသားသဘောတူညီချက်နဲ့ လမ်းခွဲခဲ့ကြတာဖြစ်တယ်လို့ ကန်ဂျွန်ဟွန်းကဆိုပါတယ်။

Google
Google

ကန်ဂျွန်ဟွန်းက သူတို့ချစ်သူနှစ်ဦး ဘယ်လိုတွဲခဲ့ကြပြီး ဘယ်လိုမျိုးလမ်းခွဲခဲ့ကြတယ်ဆိုတဲ့ သတင်းက ဘာမှ အရေးကြီးတဲ့သတင်းမဟုတ်တာကြောင့် လူသိရှင်ကြားသေချာဖြေရှင်းနေဖို့ မလိုကြောင်းလည်း ထပ်ဆောင်းပြောထားပါတယ်။ နောက်ထပ်လည်း သူကိုယ်တိုင်အနေနဲ့ ပတ်မင်ယောင်းရဲ့နာမည်ကို ထပ်ပြီး ပြောတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

Google

တောင်ကိုရီးယားနာမည်ကျော်မင်းသမီး ပတ်မင်ယောင်းနဲ့ စီအီးအို ကန်ဂျွန်ဟွန်းတို့က စက်တင်ဘာလ တွဲနေတယ်လို့သတင်းထွက်ပြီး ၁ ရက်အကြာ စက်တင်ဘာလ နောက်ဆုံးအပတ်မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေများစွာက သူတို့နှစ်ဦးသားကို သဘောမတူခဲ့ကြဘဲ အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။