Beauty by Naychi လို့ ဆိုလိုက်ရင် မြန်မာနိုင်ငံက မိန်းကလေးထုရဲ့ အချစ်တော်လေး နေခြည်ဦးကို သွားမြင်ကြမှာပေါ့နော် ...
နေခြည်ဦးရဲ့ စန်းကတော့ တကယ့်ကို အံမခန်းစရာပါ ။ ချစ်မွှေးပါတယ်လို့ ဆိုရလောက်အောင် သူမကို ချစ်ခင်ကြသူတွေ များပြားလှပါတယ် ။
Beauty Blogger တစ်ယောက်ဖြစ်တဲ့သူမဟာ honest review တွေ အမြဲပေးတယ်လို့လည်း နာမည်ကြီးလှပါတယ် ။
ခုနောက်ထပ် ဂုဏ်ယူစရာအဖြစ် ew York Fashion Weekတက်ဖို့ မြန်မာနိုင်ငံမှ ပထမဆုံး ဖိတ်ကြားခြင်းခံရတဲ့သူလည်း ဖြစ်ခဲ့ပါပြီ ။
နေခြည်ဦးကို New York Fashion Week ပွဲကိုတက်ရောက်ဖို့ဖိတ်ကြားခြင်းခံရတဲ့အတွက် စက်တင်ဘာလ ၅ ရက်နေ့မှာ နယူးယောက်မြို့ကိုသွားမယ်လို့သိရပါတယ်။
" Maybelline Newyork က နေခြည့်ကိုတရားဝင်ဖိတ်ကြားတဲ့အတွက်နေခြည်သွားရမှာဖြစ်ပါတယ်။ မြန်မာပြည်ကိုဖိတ်တာ သူတို့ရဲ့သမိုင်းတစ်လျှောက်မှာဒါက
ပထမဦးဆုံးအကြိမ်လည်းဖြစ်ပါတယ်။ နေခြည်အရမ်းလည်းပျော်သလို အရမ်းလည်းစိတ်လှုပ်ရှားပါတယ်။Beauty Blogger ဖြစ်တဲ့ ၆ လအတွင်းမှာ တကယ့်ကိုသမိုင်းတွင်မယ့်ကိစ္စပါ။ ကိုယ်အားကျတဲ့ Make Up Artists တွေ Beauty Blogger တွေနဲ့လည်းတွေ့ရမှာဖြစ်တဲ့အတွက် အရမ်းလည်းရင်ခုန်ပါတယ်"လို့သူမက ဆိုထားခဲ့တာပါ ။
သတင်းအရင်းမြစ် Sunday Journal
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။