တောင်ကိုရီးယားမင်းသမီးလီယောင်အေးဟာဆိုရင် သူမရဲ့သားသမီးတွေကို စောင့်ရှောက်ပေးနေရတာကြောင့်ပရိသတ်တွေနဲ့အဆက်အသွယ်ပျက်နေတဲ့အကြောင်းလေးကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Google

 လီယောင်အေးက သားသမီးတွေကို အချိန်ပေးဖြစ်နေတာကြောင့် လူမှုကွန်ရက်စာမျက်နှာကို အချိန်တိုင်း မသုံးဖြစ်ကြောင်း ညဘက်မှသာ သုံးဖြစ်ကြောင့် ရတဲ့အချိန်လေးမှာသာသုံးရပေမယ့် ပရိသတ်တွေနဲ့ဆက်သွယ်ရတာကြောင့် ပျော်ရွှင်ရကြောင်း ဆိုခဲ့ပါတယ်။ တောင်ကိုရီးယားမင်းသမီးလီယောင်အေးက အခုအကြောင်းအရာကို Actors House ဆိုတဲ့အစီအစဉ်မှာ ဖွင့်ဟပြောဆိုခဲ့တာဖြစ်ပါတယ်။ 

Google
Google
Google

လီယောင်အေးက ကလေးတွေကို ဂရုစိုက်ပေးနေရတာကြောင့် ပရိသတ်တွေနဲ့ အချိန်အကြာကြီး မရှိနိုင်ခဲ့သလိုအဆက်အသွယ်ပျက်နေသလို ရှိနေကြောင်းကိုလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လူမှုကွန်ရက်စာမျက်နှာကို အမြဲအသုံးပြုပြီး ပရိသတ်တွေကို ဆက်သွယ်လျက်ရှိတယ်လို့ လီယောင်းအေးကဆိုပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသမီးကြီး လီယောင်အေးက ၁၉၉၀ ခုနှစ်မှာ CF model အဖြစ်ပွဲဦးထွက်လာတဲ့သူဖြစ်ပြီး နန်းတွင်းရတနာဇာတ်လမ်းမှာ ပါဝင်ရင်း ချန်ဂင်အဖြစ် လူသိများအောင်မြင်ခဲ့တဲ့သူဖြစ်ပါတယ်။ လီယောင်အေးက၂၀၂၁ ခုနှစ်မှာ Inspector Koo ဇာတ်လမ်းမှာ ပါဝင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်းကလည်း Bring Me Home ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။