တောင်ကိုရီးယားမင်းသမီး Gong Hyo-jin ရဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့မင်္ဂလာပွဲပုံရိပ်လေးတွေဟာဆိုရင် မကြာသေးမီက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။ 

Google
Google

ပြန့်နှံ့လာတဲ့ ပုံရိပ်လေးတွေထဲမှာ မင်းသမီး Gong Hyo-jin နဲ့ သူမရဲ့သတို့သားလောင်းတို့ရဲ့ ဧည့်သည်တွေကကျယ်ပြန့်တဲ့ ခန်းမကြီးထဲမှာ လွတ်လပ်စွာ လျှောက်သွားနေကြတာကို အထင်အရှားတွေ့ရပါတယ်။ 

Instagram 
Instagram 

မင်္ဂလာခန်းမကို သဘာဝအတိုင်း ရိုးရိုးရှင်းရှင်း ကျင်းပထားတာကိုတွေ့ရှိရပြီး အခြား မင်္ဂလာပွဲတွေနဲ့မတူ တမူထူးခြားနေတာကိုလည်း အတိုင်းသားတွေ့ရပါတယ်။ 

Google
Google

မင်္ဂလာပွဲမှာနောက်ထပ်လူစိတ်ဝင်စားမှုမြင့်တက်နေတဲ့အရာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ခမ်းမ အပြင်အဆင်ကို စားလို့ရတဲ့ ဂျေဒိုးနတ် မုန့်တွေနဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။

Instagram 
Instagram 

တောင်ကိုရီးယားမင်းသမီးကြီး Gong Hyo-jin နဲ့ Kevin Oh တို့ကအရမ်းကိုနာမည်ကြီးတဲ့ အဆိုတော်တွေဖြစ်ပြီးအသက် ၁၀ နှစ်တိတိကွာပါတယ်။  သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အမေရိကန်နိုင်ငံ ၊ New York မြို့မှာ ရိုးရှင်းလှပစွာကျင်းပခဲ့ပြီး ရင်းနှီးတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အသိမိတ်ဆွေတွေ တက်ရောက်ခဲ့ကြပါတယ်။

Instagram 
Instagram 

 မင်္ဂလာပွဲကို ရိုးရှင်းလှပစွာနဲ့ကျင်းပခဲ့တဲ့ တောင်ကိုရီးယားနာမည်ကြီးမင်းသမီး Gong Hyo-jin နဲ့ အဆိုတော် Kevin Oh တို့အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။