ဟောလိဝုဒ်အကျော်အမော်မင်းသမီးတစ်လတ်ဖြစ်တဲ့ အိန်ဂျလီနာဂျိုလီနဲ့ ဘရက်ပစ်တို့ရဲ့ ကွာရှင်းပြီးနောက်အခြေအနေဟာ ပရိသတ်တွေကြားမှာနာမည်ကြီး ရေပန်းစားလျက်ရှိပါတယ်။ အိန်ဂျလီနာဂျိုလီက ကွာရှင်းပြီးနောက်မှာ ဘရက်ပစ်ထံကို အီးမေးလ်ပို့ခဲ့တယ်လို့ သိရပြီးအဆိုပါ အီးမေးလ်းက တရားခွင်ကနေ တဆင့်ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ 

Google
Google

အိမ်ဂျယ်လီနာဂျိုလီက ဘရက်ပစ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ Winery business နဲ့ပတ်သက်ပြီး အီးမေးလ်ပို့ခဲ့တာဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာထဲမှာ ဘရက်ပစ်ရဲ့ ပိုင်ဆိုင်မှုတစ်စိတ် တစ်ပိုင်းပါဝင်ခဲ့တဲ့ Chateau Miraval Winery ကိုရောင်းချမှုနဲ့ ပတ်သက်ပြီးထည့်သွင်းထားပါတယ်။ 

Google

အဆိုပါအကြောင်းအရာအပြင် ဂျိုလီက ပုဂ္ဂိုလ်ရေးပိုင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကိုပါရေးသားထားတာကိုတွေ့ရပါတယ်။ 

Google 

ဂျိုလီက အဆိုပါနေရာက အမြွှာနှစ်ယောက်ကို ခေါ်ခဲ့တဲ့အိမ်လေးဖြစ်ကြောင်း ၊ အမေ့ရဲ့နှစ်ပတ်လည်နေ့မှာကမ္ပည်းလေးပေါ်မှာ လက်ထပ်ခဲ့တဲ့နေရာလေးဖြစ်ကြောင်း ၊ ကတိတွေ ရှင်သန်ကြီးထွားခဲ့တဲ့နေရာလေးဖြစ်ကြောင်း ၊ ဒီစာကို မငိုဘဲနဲ့ ရေးလို့ လုံးဝမဖြစ်နိုင်ခဲ့ကြောင်း လွန်ခဲ့တဲ့ဆယ်စုနှစ်က မှတ်ဥာဏ်တွေကို တန်ဖိုးထားကြောင်း ရေးသားထားပါတယ်။ 

Google

ဂျိုလီ နဲ့ ဘရက်ပစ် တို့က ပြင်သစ်နိုင်ငံမှာရှိတဲ့ Chateau Miraval Winery မှာရှိတဲ့ မိသားစုဘုရားကျောင်းမှာ သြဂုတ်လ 23 ရက်၊ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 

Google

အဆိုပါအီးမေးလ်းထဲမှာ ဘရက်ပစ်ရဲ့ အရက်အလွန်အကြွံသောက်မှုကြောင့် ကွာရှင်းခဲ့ရတာဖြစ်တဲ့အကြောင်းကိုပါ အိမ်ဂျလီနာဂျိုလီကထည့်သွင်းဖော်ပြပေးထားပါတယ်။ 

Google

ကွာရှင်းပြီးမှ အိမ်ဂျိလီနာဂျိုလီက ဘရက်ပစ်ဆီကို ပို့ခဲ့တဲ့ မေလ်းဖြစ်တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေ များစွာရရှိနေပါတယ်။ အိမ်ဂျလီနာဂျိုလီက အဆိုပါ အီးမေးလ်ပို့ပြီးနောက်မှာ Chateau Miraval Winery မှာရှိတဲ့ သူမရဲ့ ရှယ်ယာတွေကို ရုရှားစီးပွားရေးသမား Yuri Shefler  ဆီကိုရောင်းချခဲ့ပါတယ်။ 

Google

ဂျိုလီက သူမရဲ့ဆုံးဖြတ်ချက်အတိုင်း ရှယ်ယာတွေကို ရောင်းချခဲ့တံ့ အကြောင်းအရင်းက ဘရက်ပစ်မှ ဂျိုလီရဲ့ရှယ်ယာတွေကို မဝယ်ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘရက်ပစ်က ဂျိုလီကို ရှယ်ယာများကို သူစိမ်းထံရောင်းစားခဲ့တာကြောင့် ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေတယ် လို့ စွပ်စွဲခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။