The Return Of Superman အစီအစဉ်နဲ့ နာမည်ရအောင်မြင်ခဲ့တဲ့ ဂျူမုံမင်းသားကြီးရဲ့သားလေး ၃ ယောက်ဟာဆိုရင် ပရိသတ်ပေါင်းများစွာရဲ့အချစ်ကို ရရှိထားတဲ့ ကလေးငယ်လေးတွေဖြစ်ပါတယ်။ ဂျူမုံမင်းသားကြီးဆောင်းအီဂွတ်ရဲ့ သားလေးသုံးယောက်နာမည်က ဒယ်ဟန် ၊ မင်ဂွတ် နဲ့ မန်ဆယ်တို့ ဖြစ်ကြပြီး သူတို့သုံးယောက်က ပြည့်သူ့အချစ်တော် ကလေးလေးတွေလို့ တင်စားရလောက်တဲ့အထိ ပရိသတ်တွေကြားမှာရေပန်းစားပါတယ်။
မင်းသားကြီးဆောင်းအီဂွတ်က သူ့ရဲ့၃မွှာပူးသားလေး ၃ ယောက်ကို The Return of Superman အစီအစဉ်ကနေ ထုတ်ခဲ့ရတဲ့အကြောင်းအရင်းက ကလေးတွေရဲ့ လုံခြုံရေးနဲ့လွတ်လပ်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အောင်မြင်မှုက ကလေးတွေကို ခက်ခဲမှုတွေ များစွာဖြစ်စေပြီး သူတို့ရဲ့ ဖြူစင်ရိုးသားမှုလေးတွေကိုပါ ပျောက်ကွယ်သွားနိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဆောင်းအီဂွတ်ရဲ့ သားလေး ၃ ယောက်က ပရိုပရမ်ထဲကနေ နှုတ်ထွက်သွားခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဆိုပေမယ့် အခုအချိန်အထိ ပရိသတ်တွေရင်ထဲမှာ နာမည်မပျောက်သေးဘဲ ဆက်လက်တည်ရှိနေတုန်းပဲ ဖြစ်ပါတယ်။
မကြာသေးမီက ထွက်ရှိလာခဲ့တဲ့ အမွှာလေး ၃ ယောက်ရဲ့ လက်ရှိပုံရိပ်က ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေခဲ့ပါတယ်။ အမွှာလေး ၃ ယောက်က လက်ရှိမှာ ၁၀ နှစ်အရွယ်ရှိနေပြီဖြစ်ပြီးအတန်းကတော့ Grade 4 ကို ရောက်နေပါပြီ။ အမွှာလေး ၃ ယောက်ထဲမှာ အကြီးဆုံးသားလေး ဒယ်ဟန်က အရပ် ၁.၅၄ မီတာ ၊ မင်ဂွတ်က ၁.၅၄ မီတာ ၊ မယ်ဆယ်က ၁.၅၂ မီတာ ရှိပါတယ်။ အရပ်ကြီးတွေရှည်ပြီး အရွယ်ရောက်နေကြပေမယ့်လည်း အမွှာလေး၃ ယောက်က ငယ်ရုပ်မပြောင်းဘဲ ချောမော ခန့်ညားနေတုန်းပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒယ်ဟန် ၊ မင်ဂွတ်နဲ့ မယ်ဆယ်တို့က သူတို့မိဘတွေနဲ့အတူ ပြင်သစ်နိုင်ငံမှာ ပညာသွားသင်ခဲ့ကြပါတယ်။ တစ်ခါတစ်ရံမှာ ဆွေမျိုးတွေရှိတဲ့ ကိုရီးယားကို ပြန်လာလည်လေ့ရှိပါတယ်။
မင်းသားကြီး ဆောင်းအီဂွတ်က အမွှာလေး ၃ ယောက်ကို အဓိပ္ပါယ် ပြည့်ဝတဲ့ ပရဟိတ လှုပ်ရှားမှုတွေထဲမှာ ပါဝင်ခိုင်းပြီး ပညာသင်ကြားရေးကို အနှောင့် အယှက်မပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။