တောင်ကိုရီးယားမင်းသမီး Goo Ha-ra ဟာဆိုရင် ငယ်ရွယ်ပြီးအောင်မြင်နေတဲ့အချိန်မှာ ကွယ်လွန်ဆုံးပါးသွားခဲ့ရသူလေးဖြစ်ပါတယ်။ Goo Ha-ra က ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူမကွယ်လွန်ဆုံးပါးသွားရခြင်းနောက်ကွယ်မှာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့် နှိပ်စက်မှုတွေရှိနေပါတယ်။ ဒါကြောင့် အောက်တိုဘာလ ၁၂ ရက်နေ့က တရားရုံးရဲ့အမိန့်ချမှတ်ချက်အရ Goo Ha-ra ရဲ့ကျန်ခဲ့တဲ့မိသားစုအတွက် တရားခံ  Choi  ကို လျော်ကြေးငွေ ၇၈ သန်းပေးဆောင်ဖို့အတွက် အမိန့်ချမှတ်ခြင်း ခံတယ်လို့ သိရပါတယ်။ 

Google
Google
Google

တရားခံ Choi က Goo Ha-ra ကို အနိုင်ကျင့်နှိပ်စက်တဲ့သူအဖြစ် ၂၀၂၀ ခုနှစ်တုန်းက ထောင်တစ်နှစ်ကျမှတ်ခြင်း ခံခဲ့ရပါတယ်။ Choi က Goo Ha-ra ရဲ့ ရည်းစားဖြစ်ပြီး သူမကို မသေးဆုံးခင်အချိန်မှာ အမျိုးမျိုး နှိပ်စက်ညှင်းပန်းခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု များစွာခံခဲ့ရပြီး အဆုံးစီရင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Google

Goo Ha-ra ဟာ အောင်မြင်နေတဲ့သူဖြစ်ပေမယ့် သူမရဲ့လူမြင်မသင့်တော်တဲ့ ဗီဒီယိုတွေကို ချစ်သူဘက်ကနေ ဖြန့်ဝေမယ်လို့ ခြိမ်းခြောက်ခြင်း ခံခဲ့ရပြီးနောက်မှာ များစွာ စိတ်ဒဏ်ရာရခဲ့ပါတယ်။ Goo Ha-ra ကို စိတ်ပိုင်းဆိုင်ရာရော ၊ ရုပ်ပိုင်းဆိုင်ရာပါ ထိခိုင်နစ်နာစေတဲ့အမှုအတွက် Choi ကို ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ပေးဆပ်ဖို့အတွက် အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။

Google

အခုချမှတ်လိုက်တဲ့ လျောကြေးငွေဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်စော်ကားမှုအတွက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တယ်လို့ သိရပါတယ်။ တရားရုံးရဲ့ ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်မှုအတွက် ပရိသတ်တွေများစွာက ကျေနပ်အားရနေကြပါတယ်။

Google
Google

လျော်ကြေးငွေ ကိစ္စနဲ့ပတ်သက်ပြီး Goo Hara ရဲ့ မိဘတွေကတော့ သူမတို့သမီးလေးတစ်ယောက်လုံး သေဆုံးမှုကို ဘယ်လိုကြောင့် ငွေကြေးနဲ့တန်ဖိုးဖြတ်နိုင်မှာလဲဆိုပြီး မေးခွန်းပြန်ထုတ်ထားကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။