Blackpink အဖွဲ့ဝင် Jennie ဟာဆိုရင် မကြာသေးမီက Porsche Car Brand အမှတ်တံဆိပ်နဲ့ပူးပေါင်းပြီး Tayan CT Special Edition ကို ကိုယ်တိုင် ဒီဇိုင်းဆွဲ ထုတ်လုပ်ခဲ့ပါတယ်။ Jennie က အသက် ၂၆ နှစ်အရွယ်သာရှိသေးပေမယ့် အောင်မြင်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်နေတာဖြစ်ပြီး ပရိသတ်တွေများစွာကို ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ Jennie က Porsche အမှတ်တံဆိပ်ကားကို သဘောကျနှစ်သတ်တဲ့သူဖြစ်ပြီး အမြဲလိုလို စီးဖြစ်လေ့ရှိတဲ့သူဖြစ်ပါတယ်။ သူမရဲ့အိမ်မက်က ကိုယ်ပိုင် ဒီဇိုင်းဆွဲထားတဲ့ Porsche အမှတ်တံဆိပ်ကားကို စီးနိုင်ဖို့ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Jennie က သူမရဲ့ ကိုယ်ပိုင်အိပ်မက်ကို အကောင်အထည် ဖော်နိုင်သွားခဲ့ပါပြီ။
Jennie ရဲ့ ဒီဇိုင်းတွေက အရမ်းကို တီထွင်ဖန်တီးနိုင်စွမ်းအားကောင်းမွန်ပြီး စိတ်ချမ်းသာဖို့ကောင်းလွန်းလှပါတယ်။ Jennie က ကမ္ဘာတစ်ဝှမ်း ခရီးထွက်ရတာကို ကြိုက်နှစ်သတ်တဲ့သူဖြစ်ပြီး သူမရဲ့ ခရီးထွက်ဖော်တွေက ကောင်ကင်ကြီးနဲ့တိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ Jennie က သူမရဲ့ အတွေးစိတ်ကူးတွေအားလုံးကို ဒီဇိုင်းဖော်ပြီး Porsche ကားထဲမှာ ထည့်သွင်းအသုံးပြုခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်လို့ ဆိုပါတယ်။
Porsche Korea ရဲ့ စီအီးအိုတစ်ယောက်ဖြစ်တဲ့ Holger Gerrmann ဟာဆိုရင်လည်း သူတို့ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ Porsche နဲ့ ပူးပေါင်းဆောင်ရွက်ပေးတဲ့ အတွက် Jennie ကို များစွာ ကျေးဇူးတင်ထားပါတယ်။ Jennie က Porsche Korea ရဲ့ ပထမဦးဆုံး Sonderwunsch ပရောဂျက်မှာ ပါဝင်ပူးပေါင်းပေးထားတာဖြစ်ပြီး ကားတစ်စီးလုံးကို ဒီဇိုင်းဆွဲပေးနိုင်ခဲ့တဲ့ ပထမဦးဆုံး အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။
Jennie က YG အဖွဲ့ဝင်တစ်ယောက်အဖြစ် ၂၀၁၆ ခုနှစ် သြဂုတ်လမှာ စတင် ပွဲဦးထွက်လာတဲ့သူဖြစ်ပြီး အဆိုတော်တစ်ယောက်အဖြစ် အောင်မြင်ရုံသာမက နာမည်ကြီး အမှတ်တံဆိပ်ပေါင်းများစွာရဲ့ brand ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။
မကြာသေးမီက Blackpink အဖွဲ့က ဒုတိယမြောက် 'BORN PINK' အယ်လ်ဘမ်ကို ထုတ်လုပ်ထားပါတယ်။
Jennie ဒီဇိုင်းဆွဲထားတဲ့ “Tayan 4s Cross Turismo”ကားရဲ့တန်ဖိုးက မြန်မာငွေကျပ် သိန်းပေါင်း ၂ ထောင်ကျော် ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။