Handfish ဆိုတဲ့ငါးဟာ ရေကူးရမယ့်အစား ပင်လယ်ကြမ်းပြင်ကို ဖြတ်ပြီး “လမ်းလျှောက်” ဖို့အတွက် အသုံးပြုတဲ့ သူတို့ရဲ့ ဆူးတောင်များကြောင့် ကျော်ကြားတဲ့ ငါးမျိုးဖြစ်ပါတယ်။

တက်စမေးနီးယားအရှေ့တောင်ပိုင်းရှိ မီတာ 50 အကွာရှိ သန္တာကျောက်တန်းငယ်တစ်ခုက‌နေ ယခင်က သိရှိခဲ့တဲ့ အနီရောင်လက်ငါးများဟာ အရွယ်ရောက်ပြီးသူဦးရေ 100 သာရှိမယ်လို့ ယူဆရပါတယ်။ အနီရောင်တောက်တောက်မှ ပန်းရောင်/အညိုရောင်အထိ အရောင်အမျိုးမျိုး ကွဲပြားနိုင်ပြီး ဒီသေးငယ်တဲ့ ငါးများဟာ ပုံမှန်အားဖြင့် အရှည် 10 စင်တီမီတာအောက်သာရှိပါတယ်။ အရှားပါးဆုံး ငါးတွေထဲက တစ်မျိုးဆိုလည်းမမှားပါဘူး။

သူတို့ရဲ့ မျိုးသုဉ်းမယ့်အန္တရာယ်မှာ လေထုညစ်ညမ်းမှု၊ အာဟာရဓာတ်များ လွန်ကဲမှု၊ ပင်လယ်ရေပူနွေးလာမှု၊ urchin များနှင့် သူတို့ရဲ့ သားကောင်များ အပါအဝင် သူတို့ရဲ့ မတူကွဲပြားတဲ့ ပင်လယ်ရေမှော်များရဲ့ နေထိုင်ရာနေရာကို ထိခိုက်စေတဲ့ ဖြစ်စဉ်အမျိုးမျိုးကြောင့် ဖြစ်ပါတယ်။ အဲ့အပြင် ငါးပြတိုက်ကုန်သွယ်မှုအတွက် စုဆောင်းခြင်းနှင့် ကျူးကျော်မျိုးစိတ်များဟာ သူတို့အတွက် ခြိမ်းခြောက်မှုများဖြစ်ပါတယ်။

သူတို့ရဲ့ အရွယ်အစားနဲ့ ဝေးလံခေါင်သီတဲ့ ဒေသများကြောင့် အနီရောင် လက်ငါးများကို ရှာဖွေဖို့ အလွန်ခက်ခဲပါတယ်။ တကယ်လိုများ သင်ဟာ အနီရောင် လက်ငါးတစ်ကောင်ကို မြင်ဖူးတယ်ဆိုရင်တော့ တော်တော်လေးကို ကံကောင်းသူဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Great Southern Reef

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။