တောင်ကိုရီးယားမင်းသားတွေဖြစ်တဲ့ Lee Jong Suk နဲ့ Kim Woo Bin တို့ဟာဆိုရင် ယနေ့အချိန်အထိ ခင်မင်ရင်းနှီးနေကြဆဲ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးသားက လက်ရှိအချိန်အထိ အရမ်းကိုရင်းနှီးတဲ့ ဘော်ဒါတွေဖြစ်တဲ့အကြောင်းကို   အောက်တိုဘာလ ၁၀ ရက်နေ့မှာ Lee Jong Suk က ဓာတ်ပုံလေးတွေနဲ့တကွ ပြသခဲ့တာဖြစ်ပါတယ်။ 

Google 
Google 

ဓာတ်ပုံထဲမှာသူတို့နှစ်ဦးက ပေါ့ပေါ့ပါးပါးဝတ်စုံလေးတွေဝတ်ပြီး မှန်ရှေ့မှာ မတ်တပ်ရပ်နေကြတာဖြစ်ပါတယ်။

Instagram 
Instagram 

Lee Jong Suk နဲ့ Kim Woo Bin တို့နှစ်ဦးက ၁၉၈၉ ခုနှစ်မှာမွေးခဲ့တာဖြစ်ပြီး သရုပ်ဆောင်လောကထဲမဝင်ခင်ကတည်းက မော်ဒယ်တွေအဖြစ် အနုပညာလောကထဲမှာ စတင်ခြေလှမ်းခဲ့တာဖြစ်ပါတယ်။

Google
Google

လက်ရှိမှာဆိုရင် Lee Jong Suk နဲ့ Kim Woo Bin တို့က Big Mouth နဲ့ Our Blues ဇာတ်လမ်းတွဲတွေထဲမှာအသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။ 

Google
Google 

အချိန်အကြာကြီး ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်လျက်ရှိကြတဲ့ တောင်ကိုရီးယား ထိပ်တန်းမင်းသား နှစ်ယောက်အကြောင်းကို ပရိသတ်ကြီးအတွက်ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။