တောင်ကိုရီးယားမင်းသမီး Shin Se Kyung ဟာဆိုရင် အနုပညာလောကကနေ ၅ လ ကြာပျောက်ကွယ်သွားပြီးနောက်မှာ ပရိသတ်တွေအရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 

Google

အောက်တိုဘာလ ၁၁ ရက်နေ့မှာ Shin Se Kyung က သူမရဲ့ ယူကျူ့ချန်နယ်လေးပေါ်မှာ အိမ်ပြောင်းသွားပြီဖြစ်ကြောင်း ၊ အိမ်သစ်လေးမှာ ပထမဦးဆုံး ဘလော့ တစ်ခုရိုက်ခဲ့ပြီးနောက်မှာ ဂျယ်ဂျူကျွန်းကိုသွားလည်ပြီးကင်ချီဟင်းချိုလေး ချက်စားခဲ့ပါကြောင်း ပြောခဲ့ပါတယ်။ 

Google
Google

Shin Se Kyung က လက်ရှိမှာ ဒရမ်မာရိုက်ကူးရေးတွေနဲ့ အလုပ်ရှုပ်နေတာကြောင့် ပရိသတ်တွေနဲ့အဆက်အသွယ်ပျက်နေသလိုရှိပြီးနောက်မှာ အခုလိုမျိုး ပရိသတ်တွေရှေ့ကိုရောက်ရှိလာတာဖြစ်ပါတယ်။ 

Google

Shin Se Kyung  က အိမ်အသစ်ဆီကိုပြောင်းသွားပြီဖြစ်တဲ့အကြောင်းလေးကိုပါ ပရိသတ်တွေကို အသိပေးခဲ့ပြီးကင်ချီဟင်းချိုချက်တဲ့ ပုံလေးကိုပါပြသထားပါတယ်။ Shin Se Kyung ရဲ့ ပုံစံလေးက ပေါ့ပေါ့ပါးပါးနဲ့ အိမ်နေရင်းပုံစံလည်းဖြစ်ပြီး မိက်ကပ်လည်း မလိမ်းထားပါဘူး။ 

Google
YouTube 
YouTube 
YouTube 
YouTube 

တောင်ကိုရီးယားမင်းသမီး Shin Se Kyung က လက်ရှိမှာ Arthdal Chronicles 2 ဇာတ်လမ်းတွဲရိုက်ကူး လျက်ရှိပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။