တောင်ကိုရီးယားမင်းသမီး Gong Hyo-jin ဟာဆိုရင် သူမထက် အသက် ၁၀ နှစ်ငယ်တဲ့ အဆိုတော် Kevin Oh နဲ့ ကြည်နူးဖို့ကောင်းတဲ့ မင်္ဂလာပွဲလေးကို ကျင်းပပြီးစီးလို့ သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မင်းသမီး Gong Hyo-jin က နာမည်ကြီးတဲ့ မင်းသမီး တစ်လက်ဖြစ်ပြီး အသက် ၄၀ ကျော်မှ မင်္ဂလာဆောင်တာကြောင့် သူမရဲ့မင်္ဂလာပွဲကို စိတ်ဝင်စားနေတဲ့သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ 

Google
Google
Google

Gong Hyo-jin က အောက်တိုဘာလ ၁၁ ရက်နေ့တုန်းက နယူးယောက်မြို့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ပါတယ်။ Gong Hyo-jin က မင်္ဂလာပွဲကို အလျင်စလိုနဲ့ သွားခဲ့ရတဲ့အကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဓာတ်ပုံလေးနဲ့တကွ ဝေမျှပေးလာခဲ့ပါတယ်။

Google

ဓာတ်ပုံလေးထဲမှာ Gong Hyo-jin က မင်္ဂလာဝတ်စုံလေးဘေးမှာ ရှူးဖိနပ်လေးကို ချွတ်ထားပြီး အလျင်စလိုနဲ့ မင်္ဂလာပွဲ ပြေးခဲ့ရတဲ့ အကြောင်းလေးကို ဖော်ပြပေးထားပါတယ်။ 

Google
Google

ပရိသတ်တွေက ပကာသနမရှိဘဲ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ မင်းသမီး Gong Hyo-jin ကို သဘောကျနေကြပြီး သူမရဲ့ မင်္ဂလာပွဲလေးအတွက် ဂုဏ်ပြုပေးထားကြပါတယ်။

Google

Gong Hyo-jin ရဲ့ မင်္ဂလာပွဲကို အမေရိကားမှာ ကျင်းပခဲ့ပေမယ့် တောင်ကိုရီးယားနိုင်ငံက အနုပညာရှင်တွေ အချို့လည်း သွားရောက် ပွဲတက်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ 

Source – Kbizoom 

Image - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။