တောင်ကိုရီးယားနာမည်ကျော်မင်းသမီးဆွန်ရီဂျင်းဟာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ နာမည်ကြီးတဲ့သူဖြစ်ရုံသာမက သူငယ်ချင်းအပေါင်းအသင်းပေါများလွန်းတဲ့သူဖြစ်ပါတယ်။ 

Google 

ဆွန်ရီဂျင်းက အနုပညာလောကမှာနာမည်ကြီးတဲ့သူဖြစ်ပြီး သူမရဲ့အခင်မင်ဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ သူငယ်ချင်း ၇ ယောက်ကို စင်ဒရဲလား ၇ယောက်အဖြစ် နာမည်ပြောင်ပေးထားတဲ့သူဖြစ်ပါတယ်။ ဆွန်ရီဂျင်းရဲ့ စင်ဒရဲလား ၇ ယောက် သူငယ်ချင်းတွေအားလုံးက အသက် ၄၀ အရွယ်တွေ ဖြစ်ကြပြီး သူတို့အားလုံးက အိမ်ထောင်အသီးသီးကျသွားကြပြီပဲ ဖြစ်ပါတယ်။ သူတို့အားလုံးထဲမှာ Uhm Ji-won နဲ့ Oh Yoon-ah ကတော့ ကွာရှင်းထားကြတာဖြစ်ပါတယ်။ 

Google 

ဆွန်ရီဂျင်းရဲ့ နာမည်ကြီး မင်းသမီးသူငယ်ချင်း ၆ ယောက်က Gong Hyo-jin ၊ Uhm Ji-won ၊ Lee Min-jung ၊ Oh Yoon-ah ၊ Lee Jung-hyun နဲ့ Song Yoon-ah တို့ဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း ၇ ယောက်က အရမ်းကို ခင်မင်ကြပြီး အတူစား အတူသွားကာ ညည့်နက်တဲ့အထိ အရက်သောက်ကြတယ်လို့လည်း တီဗီအစီအစဉ်တစ်ခုမှာ ဝေမျှခဲ့ဖူးပါတယ်။ 

1. Gong Hyo-jin

Google 

တောင်ကိုရီးယားမင်းသမီး Gong Hyo-jin က Pasta (2010) ၊ The Greatest Love (2011) ၊  Master’s Son (2013) နဲ့ When the Camellia Blooms (2019) ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပြီးအောင်မြင်နေတဲ့ မင်းသမီးတစ်လတ်ဖြစ်ပါတယ်။

Google 

Gong Hyo-jin နဲ့ ဆွန်ရီဂျင်းတို့က မင်္ဂလာပွဲအပါအဝင် များပြားလှတဲ့ ပါတီပွဲတွေကို အတူတူ ဆင်နွှဲခဲ့ဖူးပြီး အရမ်းကို ခင်မင်ကြတဲ့သူငယ်ချင်း အရင်းကြီးတွေဖြစ်ပါတယ်။ Gong Hyo-jin က ဆွန်ရီဂျင်းကြောင့်အနုပညာအလုပ်တွေကို လုပ်ဆောင်ဖို့အတွက် ခွန်အားရှိလာခဲ့တဲ့သူဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ မင်းသမီးGong Hyo-jin က စင်ဒရဲလား ၇ ယောက် သူငယ်ချင်းအဖွဲ့မှာ လက်မထပ်ရသေးတဲ့နောက်ဆုံးကျန်ရစ်သူ ဖြစ်ပေမယ့် သူမကလည်း မကြာသေးမီကမှ အသက် ၁၀ နှစ်ပိုငယ်တဲ့ အဆိုတော် ကောင်လေးနဲ့ လက်ထပ်သွားခဲ့ပါပြီ။ 

2. Uhm Ji-won

Google 

တောင်ကိုရီးယားမင်းသမီး Uhm Ji-won ဟာဆိုရင်လည်း စင်ဒရဲလားအဖွဲ့ထဲမှာပါဝင်တဲ့ ဆွန်ရီဂျင်းရဲ့ ချစ်စရာသူငယ်ချင်း တစ်ယောက်ဖြစ်ပါတယ်။ Uhm Ji-won က အနုပညာလောကထဲကမဟုတ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ ၇ နှစ်ကြာလက်ထပ်ပြီးနောက်မှာ ပြီးခဲ့တဲ့ နှစ်ကမှ ကွာရှင်းထားတာဖြစ်ပါတယ်။ Uhm Ji-won ဟာ ကွာရှင်းခဲ့တဲ့အချိန်အထိ သားသမီး ရတနာမထွန်းကားခဲ့တဲ့သူဖြစ်ပါတယ်။ 

3. Lee Min-jung

Google 

တောင်ကိုရီးယားမင်းသမီး ဆွန်ရီဂျင်းနဲ့ Lee Min-jung တို့ဟာလည်း ညီအစ်မတွေလို ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကို ဆိုရှယ်မီဒီယာ ပို့စ်တွေကနေ အထင်အရှားတွေ့ရပြီး ပရိသတ်တွေအားကျလောက်တဲ့အထိ ဆက်ဆံရေးရှိတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ Lee Min-jung က ၂၀၁၃ ခုနှစ်မှာမင်းသား Lee Byung-hun နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သားလေးတစ်ယောက်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

4. Oh Yoon-ah

Google 

မော်ဒယ်ကနေ သရုပ်ဆောင်အဖြစ်ပြောင်းလဲလာတဲ့ တောင်ကိုရီးယားမင်းသမီး Oh Yoon-ah ဟာဆိုရင်လည်း ဆွန်ရီဂျင်းရဲ့ အချစ်ဆုံး သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ Oh Yoon-ah က ဆွန်ရီဂျင်းနဲ့ အရမ်းရင်းနှီးတဲ့သူဖြစ်ပြီး လက်ထပ်ပြီးတဲ့အချိန်မှာလည်း ပြောင်းလဲသွားခြင်းမရှိဘဲ ခင်မင်ဆဲ ရင်းနှီးဆဲဖြစ်တယ်လို့ သိရပါတယ်။ Oh Yoon-ah က ၂၀၁၅ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ Song Hoon နဲ့ ကွာရှင်းခဲ့ပြီး မသန်စွမ်းသားလေးကို Single Mother အဖြစ် စောင့်ရှောက်နေတာဖြစ်ပါတယ် 

5. Lee Jung-hyun

Google 

Lee Jung-hyun က ဆွန်ရီဂျင်းနဲ့အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဖြစ်ပြီး Master in the House အစီအစဉ်မှာလည်းအတူတူ ပါဝင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။  သူတို့နှစ်ဦးက လက်မထပ်ခင်မှာ ကျင်းပပြုလုပ်တဲ့ bridal shower ပွဲမှာလည်း အတူတူရှိခဲ့ကြပြီး ပြောစရာမလိုအောင်ကို ရင်းနှီးခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဆွန်ရီဂျင်းလိုပဲ Lee Jung-hyun ဟာဆိုရင်လည်း အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ 

6. Song Yoon-ah

Google

တောင်ကိုရီးယားမင်းသမီး Song Yoon-ah ဟာဆိုရင် မင်းသား Sol Kyung-gu ရဲ့ အမျိုးသမီးဖြစ်ပါတယ်။ သူမက ဆွန်ရီဂျင်းနဲ့ ခင်မင်ရင်းနှီးတဲ့သူဖြစ်ပြီး ဆွန်ရီဂျင်းကို happy virus လေးလို့ သတ်မှတ်ထားတဲ့သူဖြစ်ပါတယ်။Song Yoon-ah အဆင်မပြေဖြစ်လာတိုင်း ဆွန်ရီဂျင်းက အမြဲပျော်အောင်လုပ်ပေးတတ်တဲ့သူလို့ သိရပါတယ်။ 

Google 

စင်ဒရဲလား ၇ ယောက်လို့ သတ်မှတ်ရလောက်အောင် အနုပညာလောကမှာ နာမည်ကြီးကြတဲ့ သူငယ်ချင်း ၇ယောက်အကြောင်းကို ချစ်စဖွယ်လေး ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။