Little Women ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ တောင်ကိုရီးယားမင်းသမီး Kim Go-eun  ဟာဆိုရင် Marie Claire Korea နဲ့အင်တာဗျူးမှာ သူမ အမြဲလိုလို ဝတ်ဆင်လေ့ရှိတဲ့ လက်စွပ်လေးအကြောင်းကို ရှင်းပြခဲ့ပါတယ်။ 

Google
Google

အဆိုပါ အင်တာဗျူးထဲမှာ Kim Go-eun  က နေ့စဉ်နေ့တိုင်း တူညီတဲ့အရာလေးတွေ ပြုလုပ်ရတာကို နှစ်သတ်ကြောင်း ဝန်ခံခဲ့ပါတယ်။ 

Google

Kim Go-eun က သူမရဲ့ ပရိသတ်တွေက သူမဝတ်ဆင်ထားတဲ့ လက်စွပ်အကြောင်းကို စိတ်ဝင်စားနေကြတာကို သိကြောင်း အဆိုပါ လက်စွပ်လေးက အခြားမဟုတ်ဘဲ သူမရဲ့ မိခင်ဖြစ်သူက အထက်တန်းကျောင်း ဒုတိယနှစ်အရွယ်မှာပေးခဲ့တဲ့ လက်စွပ်ဖြစ်ကြောင်း ၊ သူမက တူညီတဲ့အရာတွေကို နေ့စဉ်နေ့တိုင်း မပြောင်းလဲဘဲ ဝတ်ဆင်ရတာ ကြိုက်တာကြောင့် အခုလိုမျိုး လက်စွပ်ကို မချွတ်ဘဲ ဝတ်ဆင်တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ 

Google
Google
Google

Kim Go-eun က မကြာသေးမီက ပရိသတ်တွေအားပေးမှုများစွာရရှိခဲ့တဲ့ Little Women ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ Hero ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။