တောင်ကိုရီးယားအဆိုတော် ၊ သရုပ်ဆောင် Ok Taec-yeon ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ နာမည်ကြီးတဲ့သူဖြစ်သလို 2PM အဖွဲ့ဝင်အဖြစ်လည်း ပရိသတ်တွေကြားမှာ လူကြိုက်များရေပန်းစားတဲ့သူဖြစ်ပါတယ်။ Ok Taec-yeon က ကိုရီးယားလူမျိုးတစ်ယောက်ဆိုပေမယ့် အသက် ၁၀ နှစ်အရွယ်ကတည်းက မိဘတွေနဲ့အစ်မရှိတဲ့ အမေရိကားကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပါတယ်။ Ok Taec-yeon က အမေရိကန်နိုင်ငံသားအဖြစ် အမေရိကားမှာ အခြေကျနေထိုင်ဖို့ လက်ခံခြင်းခံခဲ့ရပေမယ့်လည်း အခွင့်အရေးကို ငြင်းဆန်ပြီး တောင်ကိုရီးယား နိုင်ငံသားအဖြစ်ကိုသာ လက်ခံခဲ့တယ်လို့ သိရပါတယ်။ 

Google
Google

လက်ရှိမှာ Ok Taec-yeon က အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ပြီး ကိုရီးယားမှာ စစ်မှုထမ်းဆောင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အဆိုတော်၊သရုပ်ဆောင် Ok Taec-yeon က စစ်မှုထမ်းဆောင်ထားတဲ့ ဝတ်စုံလေးကို ဝတ်ဆင်ကာ “#Captain Korea. #First Reserve Army” ဆိုတဲ့ စာသားလေးနဲ့အတူ ဓာတ်ပုံလေးတွေ ချပြပေးလာခဲ့ပါတယ်။  

Google

ဓာတ်ပုံထဲမှာ ယောကျာ်းပီသစွာနဲ့ ခန့်ညားနေတဲ့ Ok Taek-yeon ကို ပရိသတ်တွေများစွာက ချစ်ခင်သဘောကျနေကြပါတယ်။ Ok Taek-yeon က ကိုရီးယားနိုင်ငံမှာ စစ်မှုထမ်းဆောင်လိုက်တဲ့အတွက် မိဘတွေရှိရာ အမေရိကားမှာ နိုင်ငံသားဖြစ်ခွင့်ကို ဆုံးရှုံးခံလိုက်ရမှာဖြစ်ပါတယ်။

Google

Ok Taek-yeon က လက်ရှိမှာ Blind ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကို များစွာ ရရှိထားပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။